နောက်ဆုံးတစ်ခေါက်အနေနှင့် စာရင်းတွေကို ပြန်စစ်လိုက်အပြီး ခဏတာ အနားယူမှုအတွက် သူ ထိုင်ခုံ နောက်မှီပေါ် လှဲကာ ချလိုက်မိသည် . . မျက်လုံးတို့ကို အသာမှိတ်ရင်း တိတ်ဆိတ်မှုကို နားစွင့်နေလိုက်သည် . . ။
ဒေါက် ဒေါက် ဒေါက်
"ဆရာ ကျွန်မပါ...."
ခန္ဓာကိုယ်ကို ပြန်မတ်ရင်း စိတ်ကို လက်ရှိအချိန်ဆီ ကြန်ခေါ်လာဖြစ်သည် . . ။
မန်နေဂျာမလေးက စာအုပ်ဖိုင်တွဲ တစ်တွဲကို စားပွဲပေါ် အသာတင်ရင်း ပြောလာခဲ့သည် . . ။
"ဆရာ မနက်ဖြန် ညနေ ပန်းချီ ပြပွဲ တစ်ခု တက်ဖို့ ရှိပါတယ်..."
"အင်း .. သိပြီ .."
မန်နေဂျာမလေး ထွက်သွားမှ သူ နောက်တဖန် ပြန်နားလိုက်ရသည် . . ။
.
.
.
."Chanyeol ...."
ခေါ်သံတစ်ခုနှင့်အတူ ၀င်လာသူကို သိနေသည်မို့ အထွေအထူး ထမကြည့်မိတော့ . . ။
"Kim Dae ... ဘာလာလုပ်ပြန်တာလဲ နေ့လည်စာဆို ငါမစားချင်သေးဘူး ... "
အိပ်နေရာကနေ ပြောမိတော့ ခါတိုင်းထက် ထူးခြားစွာ ဖြေသံထွက်မလာခဲ့၍ ထကြည့်မိလိုက်သည် . . ။
နံရံပေါ်က ပန်းချီကို စိုက်ကြည့်ရင်း ငြိမ်နေသည့် သူ့ကိုတွေ့တော့ ပြောလာမယ့် စကားကိုသာ နားစွင့်နေမိသည် . . ။
" မနက်ဖြန် ပန်းချီပြပွဲ ရှိတယ်ဆို ...."
" ဟင် .. အင်း ...."
ကိုယ် မျှော်လင့်ထားတဲ့ စကားမဟုတ်နေ၍ အယောင်ယောင် အမှားမှား . . ။
" ငါပြန်ရှင်လာခဲ့တယ် ဆိုတာ သူသိရင် .... "
မော့ကြည့်ဖြစ်မိတော့ Kim Dae ဆိုသည့် သူက ပန်းချီ အကြည့်မပျက်ခဲ့ . . ။
အပေါ်မှ ပြုတ်ကျလာသလို ခံစားချက်မျိုးဖြင့် ရင်တွင်း၌ ဟာသွားခဲ့သည် . . ။
ဘာမှဆက်မပြောနိုင်သည့် ကိုယ့်ကို သူနားလည်နိုင်မှန်း သိသည် . . ကိုယ်က သူ့ထက် ဆိုးရွားခဲ့သည် မဟုတ်လား . . ။
.
.
.
.