"ဟာ Mom ...ကျွန်တော် မပြောင်းချင်ဘူး...ဒီမှာ နေသားကျနေပြီကို...ပြီး ကျွန်တော်...."ဆက်ပြောခွင့်မရလိုက်ပါ . . ။
Mom ထံမှ အပြီးပိုင် တားမြစ်သည့် အကြည့်အား လက်ခံရ၍ပင် . . ။"အားလုံး စီစဉ်ပြီးသား .... ဟိုမှာ မေမေတို့ မလိုက်လာနိုင်တာ တစ်ခုဘဲ လိုတာ... ငြင်းစရာလည်း မလိုဘူး..."
စကားကုန် ပြောပြီး လှည့်ထွက်သွားသည့် Mom ကျောပြင်အား ကြည့်ပြီး သူ စုပ်သာ သတ်နိုင်ခဲ့သည် . . ။
ဘယ်တတ်နိုင်မလဲ သွားဆို သွားရုံပေါ့ . . ။
ကိုယ်လည်း ဒီမှာ ထွေထွေထူးထူး ရှိတာမှ မဟုတ်ဘဲ . . ။
.
.
.
.
.
.
.
.
.
ကျောင်းပေါက်ရှေ့ ခြေစုံရပ်ရင်း နောက်ဆုံး သက်ပြင်းကို ချကာ ၀င်လာခဲ့လိုက်သည် . . ။ရုပ်တရက် ခြေထောက်နား တိုးဝင်လာသည့် စာအုပ်ဖြူလေးကြောင့် တန့်ခနဲ . . ။
ဘာရုပ်ပုံ ဘာစုပ်ချက် ဘာနာမည် အမှတ်အသား မှမပါ...။
အဖြူသက်သက် စာအုပ်လေးကြောင့် လက်က ဆက်ခနဲ ကောက်ယူမိလိုက်သည် . . ။ရလိုက်မိသည့် ရနံတစ်ခု . . ရင်မှာ နွေးခနဲ ဖြစ်ရသည် . .
ကြည့်မိတော့ အဖြူရောင် . . ဪ အဖြူတွေချည်းဘဲလား . .သေချာသလောက် ပြောရရင် သူ့ရှေ့ တည့်တည့်မှာ ရပ်နေသည့် ကောင်လေး တစ်ယောက်...။
အမှန်ဆုံးအားဖြင့် မျက်ဝန်းသေဖြင့် စိုက်ကြည့်နေသည့် ဖြူ လွှလွှ ထိုကောင်လေး...။
.
.
.
.
"ဟင်...ဪ...ရော့...တောင်းပန်ပါတယ်..."တစ်ခွန်းမဆိုဘဲ လက်ဖ၀ါးဖြူ ဖြူ က ရှေ့သို့ ရောက်လာသည်နှင့် လက်ထဲမှ စာအုပ်ဖြူလေးအား လက်လွှဲမိတော့သည် . . ။
သူ နေရာမှာတွင် ရပ်ကာ ထွက်သွားသည့် ကျောပြင်အား အကြောင်းမရှိ ငေးနေမိသည် . . ။
.
.
.
"တဆိတ်လောက်.."လှမ်းပြောလာသည့် အသံနှင့်အတူ ဘေးနားလာရပ်သည့် ကောင်လေး တစ်ယောက် . . ။