Stay With Me (Final)

2.7K 187 39
                                    

'Tae 😨'

Tae Fanyလက်ကိုအတင်းဆွဲပြီး clubအပြင်ဘက်ကို ခေါ်ထုတ်သွားသည် ။ ဖြစ်သမျှအစအဆုံးမြင်လိုက်တဲ့ Sooyoungတို့လည်း Taeတို့နောက်ကို ပြေးလိုက်သွားကြသည် ။ Tae Fanyကို clubအနောက်ဘက်ကလူရှင်းတဲ့ကားပါကင်ကို ခေါ်လာခဲ့သည် ။

'Tae လွှတ်ပေးပါ ... Fanyအရမ်းနာနေပြီ ...'

Taeအတင်းကိုဆုပ်ကိုင်ထားတဲ့ Fanyလက်ကောက်ဝတ်က နီရဲလို့လာသည် ။

'Tae လွှတ်လို့ပြောနေတယ်လေ ... '

Taeက Fanyဘယ်လိုပြောပြောမလွှတ်တာကြောင့် Taeရဲ့ လက်မောင်းနဲ့ ပုခုံးကိုအားကုန်ထုရိုက်လို့နေသည် ။ Tae Fanyကိုပုခုံးနှစ်ဖက်ကနေကိုင်ပြီး ဘေးနားမှာရှိတဲ့နံရံဆီကို Fanyကိုပစ်ကပ်လိုက်သည် ။

'အ ... 😖'

Taeရဲ့အားကပြင်းလွန်းတာကြောင့် Fanyကျောကုန်းပင်အောင့်သွားသည် ။

'မလွှတ်နိုင်ဘူး Fany ... ငါခုချိန်မှာ လွှတ်ပေးလိုက်ရင် မင်းက ဟိုကောင့်ဆီပြန်သွားဦးမှာမလား ... '

Tae သူ့ဒေါသတွေကိုထိန်းချုပ်နေရလို့ လည်ပင်းကြောတွေပင်ထောင်လို့နေသည် ။

'ဟုတ်တယ် ငါပြန်သွားရမယ် Taeyeon ... နင်ဟိုကောင်လို့ခေါ်နေတဲ့ Nickhunဆိုတာ ငါ့ရဲ့လုပ်ငန်းပါတနာပဲ ... ငါဒီprojectကိုရအောင်ဘယ်လောက်တောင်ကြိုးစားလိုက်ရလဲ ... ခုတော့ နင့်ရဲ့မိုက်ရိုင်းတဲ့အပြုအမူကြောင့် အားလုံး ရေစုန်မျောကုန်တော့မယ် ... အချိန်မလွန်ခင် ငါသွားတောင်းပန်ရမယ် ... ငါ့ကိုလွှတ်ပေးစမ်းပါ ... '

'ငါရူးနေလို့မင်းကိုလွှတ်ပေးရမှာလား Tiffany ... ငါကရူးနေလို့ မင်းကိုအဲ့ကောင်က f__kဖို့ကြိုးစားနေတာကို ငါကထိုင်ကြည့်နေရမှာလား ... ဟမ် Tiffany Hwang ပြောလေ ... '

Taeကတစ်ခါမှသူ့ကို ဒီလိုမိုက်မိုက်ရိုင်းရိုင်းစကားလုံးတွေသုံးပြီးမပြောဖူးလို့ Fanyအရမ်းအံ့အားသင့်သွားသည် ။

'ကိုယ့်ချစ်သူက တခြားအကောင်တစ်ကောင်နဲ့ dancing floorမှာပွတ်သပ်ကနေတာမြင်ရတဲ့အချိန် ငါ့ရင်ထဲဘယ်လောက်တောင်နာကျင်ခဲ့ရသလဲဆိုတာ မင်းစဉ်းစားကြည့်ဖို့ကောင်းတယ် ... ငါ့ဘက်ကိုတော့မင်းကမကြည့်ပဲ ဟိုအကောင်ဆီပြန်သွားဖို့ပြင်နေတယ် ... မနက်ကလေးတင် ငါ့ကိုခွေးဇာတ်ခင်းနေတာလားလို့မင်းပါးစပ်ကပြောခဲ့တာနော် ... အေး ... တကယ်တမ်းအဲ့လိုဖြစ်နေတာ ငါမဟုတ်ဘူး ... မင်းပဲ Tiffany Hwang ... '

Stay With MeOù les histoires vivent. Découvrez maintenant