Blind Date

2.3K 236 32
                                    

အမည် - Lee Minyoung
အလုပ်အကိုင် - တက္ကသိုလ်ကျောင်းသူ
အရပ် - ၅' ၅"
လိုချင်သောအိမ်ထောင်ဖက်အမျိုးအစား -

ဒါကတော့အခြားမဟုတ်။Cupid ကုမ္ပဏီ၏ message box သို့ပို့ရန် Yifan တစ်ယောက်စာစီနေခြင်း။

" လိုချင်သောအိမ်ထောင်ဖက်အမျိုးအစား hmmm.... ဒါကဘယ်လိုထည့်ရင်ကောင်းမလဲ။မိန်းကလေးတွေကဘယ်လိုယောက်ျားမျိုးကိုကြိုက်တတ်လဲဆိုတော့ ...အာ!သိပြီ "

လိုချင်သောအိမ်ထောင်ဖက်အမျိုးအစား - အရပ်ရှည်ရှည်အသက်ငယ်ငယ်ကောင်လေး

" Yes!Mission complete! "

သူကြိုးစားပမ်းစားစဉ်းစားလိုက်၊keyboard ကို တတောက်တောက်နှိပ်လိုက်လုပ်နေသည်မှာ အတော်ပင်ကြာပြီ။အားလုံးဖြည့်ပြီးသွားတော့ စိတ်ပေါ့ပါးသွားသလို ကျေနပ်မြူးထူးနေသည်။ထို့နောက် Send ခလုတ်ကိုနှိပ်ကာ မိမိသေချာပြင်ဆင်ထားသော အချက်အလက်များကိုပို့လိုက်သည်။အခုသူလုပ်ရမှာက ဟိုဖက်က ရက်ချိန်းပြန်ပို့သည်ကိုစောင့်နေရုံပင်။

♡♡♡♡♡♡♡♡♡♡♡♡♡

Cupid ဆီမှ Yifan reply ပြန်ရပြီး ချိန်းသည့်မနက်ရောက်တော့ လူကထူးထူးဆန်းဆန်း အစောကြီးနိုးနေသည်။နိုးနေသည့်အတူတူတော့ ထလိုက်ကာ သွားရန်ပြင်ဆင်နေမိသည်။မြောက်များစွာသောအဝတ်အစားများထဲမှ အကောင်းဆုံးဟုသူယူဆရသည်များကို ဝတ်စားလိုက်သည်။အားလုံးပြင်ဆင်ပြီးသွားတာတောင်အချိန်ကတော်တော်လိုနေသေးသည်။မထူးသည့်အတူတူတော့ အကြိုက်ဆုံးကားကိုမောင်းနှင်ကာ အိမ်မှထွက်လာခဲ့တော့သည်။စိတ်တော့နည်းနည်းလှုပ်ရှားမိသားပင်။

တစ်ဖက်ကပြောသည့် coffee ဆိုင်လေးအတွင်းသို့ဝင်ကာ coffee တစ်ခွက်ကိုမှာယူပြီးထိုင်စောင့်နေလိုက်သည်။သူ့နေရာကမှန်ပြတင်းနားမှာဖြစ်တာကြောင့် ကော်ဖီသောက်ရင်းအပြင်ဖက်ကိုငေးနေမိသည်။တစ်ခါတစ်လေ ဆိုင်တွင်းသို့လည်းပြန်ကြည့်ရသေးသည်။တစ်ဖက်ကလူများရောက်နေမလားလို့။

Coffee ဆိုင်လေးကငြိမ်ငြိမ်သက်သက်တိတ်တိတ်ဆိတ်ဆိတ်။Black & White ကိုသာအသားပေးသုံးထားသည်။Customer များထိုင်ရန်ခုံနှင့် စားပွဲခုံတို့မှာအဖြူဆွတ်ဆွတ်များဖြစ်ပြီး နံရံနှင့်မျက်နှာကျက်ကတော့ အမည်းရောင်များဖြစ်ကြသည်။အဖြူနှင့်အမည်းကတော့ အမြဲလိုက်ဖက်သောအတွဲများပင်။သီချင်းမဖွင့်ပဲသံစဉ်အေးအေးလေးများကိုသာဖွင့်ထားခြင်းကလည်း တစ်မျိုးလေးအေးချမ်းစေသည်။Coffee ဆိုင်ဖြစ်သည့်အားလျော်စွာ နံရံတွင် coffee ခွက်ပုံ ပန်းချီအမျိုးမျိုးကိုလည်း ချိတ်ဆွဲထားသည်။

Blind Date(Completed)Where stories live. Discover now