သို့...ပီတာ

1.2K 159 17
                                    

#unicode

သို့
ပီတာ

ပီတာကအမြင့်နဲ့ပဲထိုက်တန်သူမို့
အတောင်ပံကိုဖြန့်ကျက်လို့
ပျံသန်းသွားလိုက်ပါ။
တင့်ကာဘဲလ် ကိုတော့
မြေပြင်မှာပဲ ချန်ထားခဲ့လိုက်။

<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>

"အမှတ်စဉ် နံပါတ်၁၁၂"

"ဟုတ်ရှိပါတယ်"

"ဝင်လို့ရပြီ"

စာရွက်အထပ်ပေါင်းများစွာကိုက်ုိင်ထားသော
လူတစ်ယောက်က ဝင်လို့ရပြီဆိုသည်နှင့်
သူရောyifanရော အသံစစ်မည့်အခန်းထဲသို့
ဝင်သွားကြသည်။

ပြိုင်ပွဲစနစ်အရ နှစ်ယောက်တွဲဖြစ်စေ
အဖွဲ့လိုက်ဖြစ်စေပြိုင်လို့ရသည်မို့
သူတို့နှစ်ယောက်တစ်ဖွဲ့တည်းအနေနဲ့
ယှဉ်ပြိုင်ကြခြင်း။

အသံစစ်အခန်းထဲရောက်တော့
ဒိုင်လူကြီးဟုထင်ရသည့်
လူကြီးငါးဦးသည် သက်ဆိုင်ရာခုံအသီးသီးတွင်
ထိုင်နေကြပြီး သူတို့နှစ်ယောက်၏
ကိုယ်ရေးအချက်အလက်များကို
စစ်ဆေးနေကြသည်။

"Yifanနဲ့ Chanyeol နော် "

"ဟုတ်ကဲ့ "

"ဟုတ်ကဲ့"

မျက်နှာခပ်တည်တည်နဲ့
ဒိုင်လူကြီးတစ်ယောက်၏အမေးကို
နှစ်ယောက်လုံးတစ်ပြိုင်နက်ဖြေလိုက်ကြ၏။

"ရပြိီ သီချင်းဆိုတာပဲဖြစ်ဖြစ် ၊
ကတာပဲဖြစ်ဖြစ်
စလို့ရပြီ"

အစပိုင်းကနှစ်ယောက်စလုံးဆိုဖို့ကိုကြောက်နေကြသည်။

ဒိုင်တွေရှေ့မှာလည်းဖြစ်သည့်အတွက်
Chanyeolအနည်းငယ်မက
စိုးရိမ်တုန်လှုပ်နေခြင်း။

သို့သော် ရုတ်တရက်
မမျှော်မှန်းထားသော
yifan၏အပြုအမူကြောင့်
Chanyeolစိတ်လှုပ်ရှားမှု
အနည်းငယ်တော့လျော့ကျသွားသည်။

ဘယ်ဘက်လက်အား ခပ်တင်းတင်း
ဆုပ်ကိုင်ကာ မျက်ဝန်းချင်းဆုံစေပြီး
ပြုံးပြလိုက်တဲ့ အဲ့သည် တစ်ခဏမှာ
သူ့အတွက် အရာအားလုံးဟာ
ငြိမ်းချမ်းသွားသလို။

အဆင်ပြေပြေနဲ့ပဲ အဆုံးသတ်သွားတဲ့
သီချင်းဆိုမှုအပြီးမှာလည်း
တွဲလက်များအားဖြုတ်မပစ်ခဲ့။

သို့..ပီတာ (COMPLETED)Où les histoires vivent. Découvrez maintenant