ဝီဖန်ကြံရင် အကုန်ဖြစ် :3

2.5K 131 19
                                    

^^ကလေး^^

- သိပ်ကိုချစ်ဖို့ကောင်းတဲ့ကောင်လေးပေါ့
ကျွန်တော့်နှလုံးသားရဲ့ အရှင်သခင်လေး ဟိ!

- ကိုကို တဟိဟိနဲ့ဘာဖြစ်နေတာလဲ
လေဖြတ်ချင်လို့လား တက်နေတာလား

- မဟုတ်ပါဘူး ညီရယ် ဒီလိုပဲ
aww ကလေးကိုဟိုအကြောင်းသွားမပြောနဲ့ဦးနော် ကိုကို suprise လုပ်ချင်လို့

- သိတယ် သိတယ် တကယ်ပဲ ယွကိုယွတယ်

- ယွယွပဲ အဲ့ဒါညီနဲ့တူလို့

- Hyun OhSe နဲ့သွားတွေ့မလို့
ကိုကို လမ်းထိပ်မှာပဲကားရပ်ပေး

- ကြွကြွ ယွကိုယွတယ်

- ယွယွပဲ

- ညအိမ်စောစောပြန်လာနော်
OhSeကိုပြန်ပို့ခိုင်းကြားလား ညီ

- ဟုတ်ကိုကို တာ့တာ

~~~~~~~~~~~~~~~

*အာ ဒီနေ့ချစ်ဖို့ကောင်းလိုက်တာ
ကလေးလေးရယ် အလွမ်းကိုပြေသွားတာပဲ*

WuYiFan တျောက် အဝတ်တောင်မလဲနိုင်ရှာပဲ ကုတင်ပေါ်မှာမှောက်ရက်ကြီး
သူ့ကလေးအကြောင်းတွေးပြီး အူရွှင်နေလေရဲ့

**အဲ့နေ့က ချယ်ရီလမ်းထဲရောက်ဖြစ်တယ် ကျွန်တော်က ချယ်ရီကိုချစ်တယ်
အဲ့နေ့ကကျွန်တော်စာဖတ်နေတုန်း တစ်ယောက်ယောက်ကစိုက်ကြည့်နေသလို ခံစားလာရလို့ မျက်လုံးလေးဝေ့ကြည့်တော့ ကလေးလေးတစ်ယောက်ဗျာ 
အဲ မျက်နှာလေးကတော့ကလေးရုပ်
အရပ်ကတော့တယ်ရှည်သဗျ ကျွန်တော့်နီးနီးပဲ ဟော သူ့မှာထူးခြားနေတာ နားရွက်လေးတွေ နားရွက်ကားကားလေးတွေဗျာ
အဲ ဟုတ်တယ် သူပဲ
ကျွန်တော့်ကိုသေချာကြည့်နေတာ 
အံမယ် နှိုက်နေပြီ နှိုက်နေပြီ
ဟီး ဖုန်းနှိုက်နေတာဟ 
ဟောဟော သူရိုက်တော့မယ်
မသိချင်ယောင်ဆောင်နေမှ
အောင်မယ် ပွစိပွစိပြောနေသေးတယ်
တစ်ယောက်ထဲ ကောင်လေးရေ
မင်းကိုရင်ခုန်မိသွားပြီကွ
မင်းနဲ့ကစားပွဲတစ်ခုလောက်စမ်းကြည့်ရအောင် ကစားပွဲလေးပြီးသွားရင်တော့
မင်းနဲ့ကိုယ့်ရဲ့ လက်ထပ်ပွဲလေးဖြစ်လာမှာပေါ့ ကဲ စပြီနော် ကလေး
.
.
ကျွန်တော်ခပ်တည်တည်ပဲ စာအုပ်ကိုပိတ်ပြီး ကောင်လေးဘေးနားကိုလျှောက်လာခဲ့တယ် ဟောဗျာ သူလုံးဝမသိဘူး
သူ့ဖုန်းထဲကကျွန်တော့်ပုံကို
Wallpaper ထားဖို့တော်တော်အားထုတ်နေတာ
.
ကျွန်တော်တွေ့လိုက်တယ်
သူ့ရင်ဘတ်ကနာမည်က ဟက်
ချစ်စရာနာမည်လေးပဲ Park Chanyeol တဲ့ ❤
.
ကောင်လေးနားကဖြတ်သွားတာ
နို့နံ့လိုလိုလေးရတော့
ဒီကကောင်ပိုရူးတာပေါ့ကွာ... ကောင်လေးရေ
မင်းဆီကို ကိုယ်အရောက်လာခဲ့မယ်
မင်းစောင့်နေပေးနော် 
.
အဲ့လိုနဲ့ ကျွန်တော်လည်းကားပေါ်တက်ပြီး ကောင်လေးကိုစောင့်ကြည့်နေလိုက်တယ်
အဲ့ကောင်လေးပိန်းချက်ဗျာ
ခုထိကျွန်တော်မရှိတာမသိသေးဘူး
အယ်..အယ်..သူရှာနေပြီ Yes!!
ဟော ဟော ချယ်ရီပင်ကိုဘုရှိုးရှိုးနေလေရဲ့ဗျာ
.
ကောင်လေးအိမ်ပြန်တော့
ကျွန်တော်နောက်ယောင်ခံလိုက်တာပေါ့ဗျာ
.
*ဘူးတာကိုး :))
ချစ်တတ်တာဗျ ဘူးတာမဟုတ်ဘူး !!*
.
ဟော...
ကောင်လေးအိမ်ထဲဝင်သွားပြီ
ဟုတ်ပြီကလေးရေ မနက်ဖြန်မင်းကို
ကိုယ်ကျောင်းလိုက်ပို့မယ်နော် ခွင့်ပြု
*အထင်မကြီးနဲ့ နောက်ကလိုက်မှာကိုပြောတာ*
.
နောက်နေ့မနက် ၈နာရီခွဲ
ကောင်လေးအိမ်ထဲကနေ
Uniform အပြည့်နဲ့ထွက်လာပါပြီ
ကျွန်တော်သူ့အိမ်ရှေ့မှာစောင့်နေတာ
နာရီဝက်လောက်ရှိပြီ
ဒင်းလေးကခုမှထွက်လာတယ် ကြည့်ဦးဗျာ...
.
အိပ်ချင်မူးတူးရုပ်နဲ့
ဘယ်လိုတောင်ချစ်ဖို့ကောင်းတာ
အွန်! လမ်းထိပ်ရောက်တော့
သူ့သူငယ်ချင်းကောင်လေးထင်ပါတယ်
တူတူသွားကြတယ်
.
နေဦး အဲ့ကိုတင်လှကိုငါမြင်ဖူးတယ်
ဘယ်မှာမြင်ဖူးပါလိမ့် စဉ်းစားစမ်း...!
ဝီဖန်မင်းဉာဏ်ကောင်းပါတယ်..! 
ဟာ ဟာ ဟာ ဟိုကောင် Oh Sehun!!!!!!
အိမ်ကမျောက်လောင်းရဲ့အချစ်တော်
Oh Sehun!!!
.
ဒါဆို အိမ်ကမျောက်လောင်းနဲ့
ကောင်လေးကသူငယ်ချင်းတွေပဲလား
အို.. ဝီဖန်ရေ မင်းတော့ယောကျ်ားရရချည်ရဲ့
.
ကျောင်းရှေ့ရောက်တော့ တွေ့ပါပြီ...
အိမ်ကမျောက်လောင်းကို
သေချာပြီ ကောင်လေးနဲ့နီးဖို့
ချစ်လှစွာသောညီကိုဖားရတော့မယ် ငိငိ :3
.
ကောင်လေးရယ် ချစ်ဖို့ကောင်းလိုက်တာ
ကိုယ့်နှလုံးသားကိုအပိုင်သိမ်းလိုက်ပါတော့ကွာ အနောက်ကနေပြေးဖက်ချင်စိတ်တွေတဖွားဖွား
.
ဟိုအကောင် Wu Baekhyun!
ယွချက် သူ့လင်ရဲ့ဖင်ကိုပဲသွားသွားပုတ်နေတယ် လမ်းလျှောက်တာတောင် အိုင်းခရော့ခ်တယ်
စောင် Rs တွေ ငါနဲ့ကလေးအလှည့်ကျရင် တစ်နေကုန်ထိုင် Ro ပြမယ် သေနာလေး !!
.
အဲ့လိုနဲ့ အဲ့လိုနဲ့ပေါ့ဗျာ
ကျွန်တော် WuYiFan တစ်ယောက်
ညီတော်မောင် Wu Baekhyun ဆီကနေ ကလေးအကြောင်းတွေ အစ်ရတာပေါ့
.
ကျွန်တော့်ညီကအရမ်းချစ်ဖို့ကောင်းတာဗျ  ကလေးရဲ့ အတွင်းဝတ် Size ကအစပြောပြတယ် အခုဆို ကျွန်တော် ကလေးနဲ့ပတ်သက်သမျှ
မသိတာတစ်ခုမှမရှိတော့ဘူး ငါကွဝီဖန် ဟဲဟဲ :3
.
နောက်တစ်ဆင့်အနေနဲ့
ယောက္ခထီးနဲ့ယောက္ခမအမြင်ကြည်ရေးအတွက် ကလေး Papa Company မှာ Wu Baekhyun ရဲ့ အမွေ Share အကုန်သွားထည့်ပစ်လိုက်တယ် ဟင်းဟင်း မျောက်လောင်းမသိအောင်ပေါ့ :')
.
ကျွန်တော့် Share တွေက
ကျွန်တော့် Company ထဲမှာလေဗျာ
ထုတ်လို့ရမလား !
.
အဲ့လိုနဲ့ ယောက္ခထီးကြီးနဲ့ အဆင်ကိုပြေလို့ ဟော... တစ်နေ့ကျ
ကလေး Papa ခရီးထွက်ရလို့
သူ့ Company တစ်လလောက်
သွားကြည့်ပေးရတယ်ပေါ့ဗျာ
ဘိုးတော်ကြီးကပိုချစ်သွားတာအဲ့မှာ
သား သားနဲ့နေတာပဲ ခရီးကပြန်လာထဲက
.
ကလေးရဲ့ Mama လား ပိုင်ပါတယ်
ကလေးရဲ့Papa Company မှာ
ခနခနတွေ့ဖူးနေကြ
ကလေး Papa အိမ်ကိုထမင်းစားဖိတ်တဲ့နေ့ ကလေးအိမ်ပထမဆုံးရောက်ဖူးတာပဲ
ကလေးရဲ့အငွေ့သက်လေးတွေ
ပြည့်နေတဲ့အိမ်လေး
.
အိမ်ကမျောက်လောင်းကိုပါ
ကျောင်းကအပြန်အပါခေါ်ရတယ်
မဟုတ်ရင် အိမ်ပြန်ရောက်ရင်
အိမ်လားအမှိုက်ပုံလားမသဲကွဲတော့မှာစိုးလို့
အဲ့ကြောင့် OhSehun နဲ့
သူ့ကိုသဘောတူထားတာ
သွား မြန်မြန်ယူ ပြောရဆိုရတာ
လေကုန်သက်သာတယ်
.
OhSehun အဲ့ မျောက်လောင်းကိုဘယ်လိုသည်းခံလဲမပြောတတ်တော့ပါဘူးဗျာ
ဖြစ်ချင်တော့ ကျွန်တော်တို့ကလေးအိမ်ရောက်မှ ကလေး Papa က ခရီးဆိုပြီးရုတ်တရက်ထွက်သွားရလေရဲ့ ဟင့် :')
ကိုယ်ကတော့သူ့ကို Cover ယူပြီးလာတာကို သားရေး သားရေး ရွှေလမ်းငွေလမ်းဖောက်မလို့သူကကျွန်တော့်ကိုပစ်စလက်ခက်ထားခဲ့တယ် ဟင့် :')
.
ကလေး Mama နဲ့စကားပြောနေတုန်း
သူလေးအိမ်ထဲဝင်လာပါပြီ
အဲ...ကျွန်တော့်ကိုသူမမြင်ပြန်ဘူး !
နည်းနည်းများနေပြီမင်းလေး !!
.
အမလေးစွာတေးလေးဗျ ^^
Hyunနဲ့ရန်ဖြစ်နေတာများ
နှုတ်ခမ်းလေးကိုထော်နေတာပဲ
အေ့လေ..:)) Hyun သူငယ်ချင်းပဲ
ဒီလောက်တော့ရှိမှာပေါ့ မနိုင်စိန်လေးတွေ
ကြာလိုက်တာကလေးရယ် အင်္ကျီလဲတာက
တွေ့ချင်လှပြီကွ :') 
.
အဲ.. ဆင်းလာပါပြီ ဟော..ဟော တွေ့သွားပြီ !  ကျွန်တော့်ကို Ahjushi တဲ့ :') 
ဟောဗျာ "ဦး" တဲ့!!!
ကိုယ်အဲ့လောက်အသက်ကြီးတဲ့ပုံ
ပေါက်နေပြီလားကွာ ငိုချင်လာပြီ :'))))
.
အလိုက်ကန်းဆိုးမသိ
Wu Baekhyun ဆိုတဲ့ညီစုတ် ခွီနေလို့
စိတ်တိုတိုနဲ့ "ကိုကို"လို့ခေါ်လို့ပြောလိုက်တော့ အထစ် ထစ်နဲ့အံ့သြနေပုံလေး ^_^ !!!
ငါနော် ဆွဲ မွ ပစ်လိုက်လို့
သည်းခံနိုင်စွမ်းစမ်းသပ်နေတာ
ဒင်းလေး ယူပြီးလို့ကတော့ အဟင်းဟင်း
.
ထမင်းစားနေတဲ့ပုံလေးကဗျာ
ဝါးနေပုံလေးကိုက အားးးးးး!!!!
အကောင်လိုက်မြိုချမိတော့မယ် •_• !!!!
.
ဟောဗျာ စားသောက်ပြီးတာနဲ့
အပေါ်ပြန်တက်သွားပြီ
စကားတောင်သေချာမပြောရဘူး ဟွန်း :((
ကိုယ့် Crush တျောက်လုံး
အိမ်ထိရောက်လာတာကို
ကျေးဇူးတင်ရကောင်းမှန်းမသိဘူး
.
မပြန်ခင် မျက်နှာလေးတစ်ခေါက်လောက်
ကြည့်သွားပါရစေကွ!
ဘယ်အရပ်ဒေသရောက်သွားပြီလဲ
ကလေးရေ ဟင့် :')
.
အန်တီကလည်းမပြန်ချင်သေးပါဘူးဆို
အတင်းပဲ :'( 
ဟိုညီဆိုတဲ့အကောင်ကလည်း
သူ့လင်ဆီသွားချင်တာနဲ့ပြန်ဖို့ဖင်တကြွကြွ 
ငါလေးသာယာမယ်ဆိုကာမှ အနှောက်ဒေ ဟွန့်!
.
ငါဟဲ့ ဝီဖန် ကလေးဖုန်းနံပါတ်ရှိတာပဲ
ညမှ Chat ရမယ် အိမ်ပြန်မယ် ပြန်မယ်
ကားပေါ်ကကိုကန်ချပစ်ဦးမှာ
Wu Baekhyun!!!!!!!!!
.
အဲ ကလေးစကားပြောပုံတွေ
ပြန်မြင်ယောင်လာပြန်ပြီ ဟိ :))
သေတော့မှာပဲ :*')
အနုနည်းနဲ့သတ်နေသလိုပါပဲလားကွာ
.
ကလေးကို မေတ္တာရှိကြောင်း
ဘိုးတော်ကြီးကို ဖွင့်ပြောပြီးသား
ခေတ်မှီတဲ့ဘိုးတော်ကြီးကလက်ခံပါတယ်
ခုဆို Appa လို့တောင်ခေါ်လို့ရနေပီ
ကလေးရဲ့ Mama ကလည်း
သားလေးသဘောကိုမေးပါတဲ့
သူတို့ကငြင်းစရာမရှိပါဘူးတဲ့လေ
.
ဘယ်လိုတောင် ကံကောင်းရတာလားကွာ
ခုတော့ အသေးလေးကိုဖွင့်ပြောပြီး
သိမ်းသွင်းဖို့ပဲကျန်တော့တယ်
ကိုယ်ကစိတ်မပူပါဘူးဘာလို့ဆို
ကလေးကလည်း
ကိုယ့်ကို Crushနေတာသိနေတာပဲဟာ
.
*ကိုယ်ကတော့ကလေးကို ချစ်တာ*
.
ကစားပွဲလေး ပြီးဆုံးဖို့နီးကပ်နေပြီ
ကလေးလေးရေ မကြာခင်
မင်းလေးကိုယ့်ရင်ခွင်ထဲကိုရောက်တော့မယ်  ချစ်လိုက်ရတာ ကလေးရယ်
ကလေးရှူသွင်းလိုက်တဲ့လေကိုတောင်
မနာလိုဖြစ်မိတဲ့ထိကိုချစ်ပါတယ် ❤**
.
အဲ.. အတွေးလွန်နေတာ ဘယ်ချိန်ရှိပြီလဲ
ဘာ! ၉ နာရီထိုးနေပြီ!!!
ဟိုအကောင်ပြန်မလာသေးဘူးလား
Wu Baekhyun!!!!!!!!!!
တစ်ဦးတည်းသောညီလေး
အကိုမဆုံးမ အကိုမဆုံးမလေး ပြန်လာကြည့် အိမ်ပေါက်ဝကနေစောင့်ကန်ချပစ်မယ်
ပြန်မလာတာလဲကောင်းပါတယ်
နာညီးသက်သာတယ်
ကဲ ရေချိုးမယ် ပြီးရင် ကလေးIG သွားဘူးမယ် :3

My Baby Park Boo (Complete)Where stories live. Discover now