Wu Baekhyun လေး ငိုနေပြီ 555

2K 115 8
                                    

*ဘာလိုလိုနဲ့ ကလေးနဲ့ကျွန်တော်
ချစ်သူဖြစ်ခဲ့တာ ၆လတောင်ရှိသွားပြီပဲ
ကျောင်းပြီးမှစေ့စပ်မယ်
အလုပ်ရမှလက်ထပ်မယ်ဆိုတဲ့
ကလေးပေါက်ရဲ့အမိန့်ကြောင့်
ကျွန်တော်မောင်ဝီဖန်
လည်တရှည်ရှည်ဖြစ်နေပါရော့လား
ကျွန်တော်ကအတူနေချင်ပြီဗျ !! UwU
.
အိမ်ကမျောက်လောင်း
Wu Baekhyun တို့ကတော့
ကျောင်းပြီးတာနဲ့လက်ထပ်မယ်ပြောတာပဲ
အားကျလိုက်တာဗျာ :'((
.
ညနေကျမှကလေးကိုကျောင်းပြန်ကြိုပြီး
လိုချင်တာလေးဝယ်ပေးဦးမှပါ
မနက်ကကျောင်းလိုက်ပို့တုန်းက
အဲ့ကလေးစုတ် Anniversary ကို
မေ့နေတယ်ထင်ပါ့ တစ်ခွန်းမှမဟဘူး
ထားပါလေ အပြစ်မပြောရက်ပါဘူး
ကိုယ်ကအကြီးပဲနားလည်ပေးရမှာပေါ့
.
ဒီ ၆လအတွင်းမှာကလေးက
ပိုချစ်ဖို့ကောင်းလာတယ်ဗျ အင်း...
ပြောရရင် အချိန်တိုင်းကို ချစ်ဖို့ကောင်းနေတာပါ ကျွန်တော့်အတွက်ပေါ့ ဟီးး
.
ကလေးကသဝန်လည်းအရမ်းတိုတယ်ဗျ
တစ်ခါတစ်လေစိတ်တိုရင်လည်း
ကျွန်တော့်ဆံပင်မွှေးတွေကိုလည်း
ဆောင့်ဆောင့်ဆွဲသေးတယ်
မချစ်ဖူးလို့များ ပြောင်ပြီးပြောကြည့်ပါလား
အာပြဲကြီးနဲ့ကိုထိုင်ငိုတာ
.
အဲ့ဒါလေးတွေပဲချစ်နေရတာပါ
ကလေးကလိမ္မာပါတယ်
ကျွန်တော့်ကိုသာချစ်လွန်းလို့
အချစ်စမ်းနေတဲ့သဘောပါ ^^
.
ဒါမယ့်ကလေးကတစ်ခါတစ်လေ
အကျင့်မကောင်းဘူး
သူကျကောင်မလေးအလန်းလေးတွေ
လိုက်ကြည့်တယ်ဗျ
ကျွန်တော်လိုက်ကြည့်ရင်စိတ်ဆိုးသွားရော
အဲ့ကြောင့်အပြင်ထွက်တိုင်း
မျက်မှန်တပ်သွားဆိုပြီး
မျက်မှန်အဝိုင်းကြီးတွေဝယ်ပေးထားတယ်ဗျာ
.
ဘာတဲ့ သူပြောတာရှိပါတယ်
"FanFan ရော့ အဲ့မျက်မှန်အပြင်သွားတိုင်းတပ် အဲ့ဒါမှအောလီဂလုံဆန်မတွေ
ပဲပေးလည်းမမြင်ပဲမှောင်တဝါးဝါးဖြစ်နေမှာတဲ့"
.
ကျွန်တော့်ဘဝလေးတွေးကြည့်ပါဗျာ
လုပ်နေရတဲ့အလုပ်က Company CEO
မျက်မှန်အဝိုင်းကြီးတကားကားနဲ့
ကြပ်မပြည့်ဘူးလို့အထင်ခံရတဲ့
မျက်လုံးစိမ်းကြီးတွေနဲ့
တစ်ခါတစ်လေအကြည့်ခံရသေးတယ်ဗျ
.
သို့ပေမယ့်လည်း
အချစ်ကလေးကအူတိုပြီးဝယ်ပေးတာဆိုတော့ ဝတ်ရတာပေါ့ဗျာ ကြိတ်မှိတ်ပြီး :'))
.
တစ်ခါကပေါ့ သူ့ကိုစိတ်ဆိုးလို့
မျက်မှန်အဝိုင်းတစ်လက်လွှင့်ပစ်လိုက်တာ
တစ်ဒါဇင်လောက်ထပ်ဝယ်လာပေးတယ်လေ :)) "ကလေးက FanFan နဲ့လိုက်လို့ဝယ်လာတဲ့ဟာကို စိတ်ဆိုးပါနဲ့ ဝတ်လိုက်ပါ အချစ်ရယ်တဲ့လေ "
သက်သက်အနိုင်ကျင့်တာလူကို
.
ကျွန်တော်လည်းဘယ်ရမလဲ
ဘောင်းဘီအစင်းတွေကို
ဒါဇင်ကျော်ဝယ်ပေးထားတာ
နှစ်စင်းယူမလား သုံးစင်းယူမလား
ဖိနပ်အစင်းလေးတောင်အစစ်ပါသေး
.
သူကတော့ ကျွန်တော်ဝယ်ပေးတာတွေက
သူနဲ့သိပ်Perfectဖြစ်ပါတယ်ဆိုပြီး
မချွတ်တမ်းကိုဝတ်တော့တာပဲဗျာ
ဝယ်ပေးမိတဲ့ကျွန်တော်မှားပါတယ်
သူ့ရှေ့သွားပြောကြည့်ပါလား
နှုတ်သီးနဲ့ထိုးလိုက်လိမ့်မယ်
.
ကလေးကအထက်တန်းအောင်ရင်
ဆေးတက္ကသိုလ်တက်မှာတဲ့ဗျာ
ဘာလို့လဲလို့မေးတော့
"FanFan ကသားထက်အသက်ကြီးတော့
အရင်မသေအောင် ဆေးကုပေးမလို့တဲ့လေ" :))
.
စောက်ရမ်းတွေ Ro ရပါတယ်ကလေးရယ်
Single ဘဝကကြွေးကြော်ထားတဲ့
သေအောင် Ro ပြစ်မယ်ဆိုတာ
အခုထိကိုအကောင်ထည်မပေါ်သေးတာပါ
ဒီနေ့တော့ မရရအောင် Ro ပြစ်မယ်
အပိုင်သိမ်းမယ်!!! နဂါးတဲ့တစ်ဂါးပဲရှိတယ် !!!
.
လက်စွပ်သွားဝယ်မယ် အချစ်တွက် အော....
အချစ်ကချောကလက်လည်းကြိုက်တယ် Rilakuma အရုပ်လည်းကြိုက်တာပဲ
Couple Shoes လေးလည်းဝယ်ဦးမှပါ
အချစ်ကအကုန်အကျများတယ် :')

My Baby Park Boo (Complete)Where stories live. Discover now