Chapter 1

2.6K 113 1
                                    

wittyee's POV

"ငါတော့ ကောင်လေး တစ်ယောက်ကို သဘောကျနေမိပြီ ထင်တယ်...."

.ကျွန်မသောက်လက်စအအေးလေးတစ်ငုံစုပ်သောက်ရင်းပြောလိုက်သည်

"အထူးအဆန်းပါလားဟ နှင်းဝတ်ရည် ပါးစပ်ကနေ ကောင်လေးတွေကို သဘောကျတယ်ပြောလို့ ပါလား၊ ပြောပါဦး ဘယ်သူလဲ...."

ကျွန်မနှင့် မျက်နှာချင်းမှ သူငယ်ချင်းက ပြုံးလျက်မေးသည်။

"ဟိုနေ့က ငါကျောင်းကပြန်လာတုန်း လမ်းထိပ်မှာ ခြေချော်ပြီး လဲကျတာကို လာထူပေးတဲ့ ကောင်လေး...."

သူက မျက်နှာတစ်ချက်မဲ့ရင်း

"နင်ဟာကလဲ ကဗျာမဆန်လိုက်တာ အဲ့လောက်လေးကို ကြွေရတယ်လို့ ......"

"ဟဲ့...ငါကတော်ယုံဆို ကြွေဖူးလို့လား ခုက ပြန်ပြောနေရင်းနဲ့ကို သူ့မျက်နှာ အချိုးအစား .. သူ့ရဲ့ ခန္ဓာကိုယ်က ကြွက်သားတွေ....."

ကျွန်မ လက်ဟန်ခြေဟန်နှင့် ခိုင်းနိုင်းပြနေမိသည်။

"ဟဲ့..ဟဲ့ တော်တော့ အသည်းယားတယ် ဆက်မပြောနဲ့တော့...."

"ပြီးတော့ သူကငါတို့ ခြံရှေ့ကနေ ညနေတိုင်း စက်ဘီး ဖြတ်ဖြတ်စီးတတ်တယ်...."

သောက်လက်စ အအေးခွက်ကို ဆက်သောက်မယ်အပြု့ နာရီကို ကြည့်မိတော့

"ဟာ ၃နာရီတောင်ထိုးနေပြီ မြန်မြန်ပြန်ရအောင် လင်း သူက ၅နာရီဆို အိမ်ရှေ့ကနေ ဖြတ်သွားတတ်တာ"

"ဟဲ့ ဘယ်လိုဖြစ်ပြန်တာလဲ ငါ့အအေးတွေတောင်မကုန်သေးဘူး......."

လက်တစ်ဖက်မှာ အအေးခွက် နောက်လက်တစ်ဖက်ကို ကျွန်မဆွဲနေသောကြောင့် သူ ကားယားဖြစ်နေသည်။

"နောက်မှ ငါပြန်ဝယ်တိုက်မယ်ဟာ မြန်မြန်လာပါ......"

ကျွန်မ လင်း ၏ လက်ကိုဆွဲကာ ဒလျောသောပါး ပြေးထွက်လာခဲ့သည်။

ကျွန်မကတော့ နှင်းဝတ်ရည် သူက ကျွန်မရဲ့ တစ်ဦး တည်းနဲ့ အခင်ဆုံး ယောက်ျားလေး သူငယ်ချင်း ထက်မြတ်လင်း
ငယ်ငယ်ကတည်းက မောင်နှမတွေလို လည်ပင်းဖက်ကြီးပြင်းခဲ့လို့ ချစ်စနိုးနဲ့ လင်း လို့ အရင်းစွတ်ပြီး ခေါ်လာတာ ခု အသက်တွေကြီး လို့ တက္ကသိုလ်တက်နေတဲ့ အချိန်ထိ major မတူပေမဲ့လဲ သွားတူတူ လာတူတူ

Love is... (completed)Where stories live. Discover now