Chapter 2

1K 92 2
                                    

Aung Khant's POV

"အန်တီ ..အရှေ့မှာ အချိန်ပိုင်း အလုပ်သမား အလိုရှိတယ် ကပ်ထားတာတွေ့လို့ ၊ ကျွန်တော်က မနက်ပိုင်း ကလေးတွေကို ကျူရှင်သင်ပါတယ် ခုချိန်ကနေစပြီး ဆိုင်ပိတ်မယ့်ချိန်လောက်ထိ ကို အားပါတယ် အဲ့ချိန်တွင်းကို အချိန်ပိုင်း အလုပ်သမားခေါ်ပါသလားခင်ဗျာ ....."

ကျွန်တော်တစ်ကိုယ်တော် non-stop ပြောလိုက်၍ ကောင်တာတွင် ထိုင်နေသော အန်တီကြီးကပြုံးလျှက်

"အရင်ဆုံးထိုင်ပါဦး သားရယ် ၊ အန်တီလဲ ညနေပိုင်း ကနေ ညထိပဲ လူလိုတာ အရင် အလုပ်သမားလေးက တဖြင့်မှာ အချိန်ပြည့် အလုပ်ရသွားလို့ အလုပ်ထွက်သွားတာနဲ့ အန်တီလဲ လူသစ်ရှာနေတာ၊ သားအကြောင်းလေးနည်းနည်းပြောပါဦး ......."

"ဟုတ်ကဲ့ ကျွန်တော့်နာမည်က အောင်ခန့်လင်းပါ အသက်က ၂၂ သင်္ချာနဲ့ ကျောင်းပြီးထားတာပါခင်ဗျ ဒီဘက် အနောက်လမ်းမှာ နေပါတယ် ......"

ကျွန်တော်သတိအနေအထားနဲ့ ၀င်ထိုင်ရင်း ဖြေတော့ အန်တီက သဘောကျစွာဖြင့်

"သားကို သဘောကျပါတယ်ကွယ် အဆင်ပြေမယ်ဆိုရင် မနက်ဖြန် ညနေ ၅နာရီလောက် စပြီး ဆိုင်ထိုင်ပေးစေချင်တယ် ...."

"ဟုတ်ကဲ့ ပြေပါတယ် .. ကျေးဇူးတင်ပါတယ် ခင်ဗျ ....."

ဆိုင်ရှင် အန်တီက နှစ်လိုဖွယ် အပြုံးနဲ့ ပြုံးပြရင်း

"ရပါတယ်ကွယ် ......"

ဆိုင်ထဲမှ ကျွန်တော်ပြန်ထွက်လာခဲ့သည် ။။။

***** *****

သူ့ရှေ့မှာ ကျွန်တော် ချစ်ခဲ့ဖူးတာတွေ အသည်းကွဲခဲ့တာတွေ ရှိပေမယ့် သူ့လို မြင်မြင်ချင်းသဘောကျနှစ်သက်မိတဲ့ သူတော့မရှိခဲ့ဖူး အဲ့သည်လို သဘောကျ နှစ်သက်မိတဲ့ ကိုယ့်ကိုကိုယ်အံသြမိတယ်၊ ဒီတိုင်းသာမန်လောက်ပြုံးပြတဲ့ အပြုံးတစ်ပွင့်က ကျွန်တော့်ရဲ့ ရင်ခုန်သံတွေကို လျင်မြန်အောင် ပြုစားနိုင်တာက ထူးဆန်းလွန်းတယ် ... ကျွန်တော် ရင်ဘက်ပေါ် လက်ဖိရင်း အသက်ပြင်းပြင်း တစ်ချက်ရှူကာ ( ဘယ်လိုပဲ ဖြစ်ဖြစ် သူနဲ့ရင်းနှီးချင်တယ်၊ သူ့ရဲ့ အကြောင်းတွေကို ပိုပိုပြီး သိချင်တယ်၊ သူ့ရဲ့ ချစ်သူဖြစ်ချင်မိတယ်၊ )

Love is... (completed)Where stories live. Discover now