CHAPTER (2)

2.5K 165 2
                                    

Chapter (1)

****At the Class room****

"Ming, ဒီသိပ္ပံဆရာမက ငါတို့ကို စာသင်နေတာလား သင်ပုန်းနဲ့ဘဲ စကားပြောနေတာလားဘဲ.... လုံးဝကို မမိုက်ဘူးကွာ"

"ဟုတ်တယ်... ငါလည်းပြောချင်နေတာ.. ဒီအတိုင်းတာဆက်သွားရင် မင်း မင့်ချစ်သူတက်တဲ့ uniကို မမှီလောက်တော့ဘူး"

"ဟျောင့်Ming, ငါအဲ့uniကိုရွေးတာ P'Phaကြောင့်မို့ မဟုတ်ပါဘူးကွ"

"Yo, မင်းတလောကလုံးကို လိမ်လို့ရရင်ရမယ် ငါ့ကိုတော့မရပါဘူးကွာ..... မင်းသိပါတယ်"

"Uhmm... ဟုတ်တယ်ကွာ ငါသူ့ကိုတွေ့ချင်လို့ကွာ ကျေနပ်ပြီလား?"

" ငါလည်း အဲ့uniကို ရွေးရမလိုဘဲ..."

" ဘာလို့လဲ? မင်းအဖေမင်းကို နိုင်ငံခြားမှာ သွားတက်ဖို့ စီစဉ်ပေးထားတယ် မဟုတ်လား?"

" မင်းP'Phaကိုရဖို့ ငါ့အကူအညီလိုတယ်လို့ ထင်တာ... မလိုဘူးလား?" အဖေကတော့ စီစဉ်ထားပေမယ့် ငါကတော့ Noပါလို့ပြောထားတယ်.... မင်းသိတယ်မဟုတ်လား ငါ့အဖေက ငါဖြစ်ချင်တာကို ဘယ်တော့မှမငြင်းဘူးဆိုတာ"

" အေးပါကွာ... ဒါနဲ့ အဲ့uniဝင်ခွင့်ကမြင့်တယ်နော်... ဒီအတိုင်းတာဆက်သွားမယ်ဆို ငါတို့သိပ္ပံဘာသာကျသွား နိုင်တယ်"

"ဟုတ်တယ်ဆို"

"ငါတို့ကျူရှင် သွားတက်ကြမလား?"

"Yo, ကျူရှင်တက်တာက ငါ့ပုံစံမဟုတ်ဘူး.... ငါကတော့ ကိုယ်ပိုင်ကျူတာငှားတာဘဲ ပိုသဘောကျတယ်.
မင်းသိရင်ငါ့ကို ပြောဦး"

"Ming, မင်းဘာလို့ Joeကို သွားမမေးတာလဲ? သူငါ့ကို အမြဲလာရစ်နေတာ မင်းနဲ့ရင်းနှီးရအောင်လို့... သူကသိပ္ပံမှာ အရမ်းတော်တာ.. သိပ္ပံလည်းမှာလည်း တိုးတက်သွားသလို တခြားဟာတွေပါ တိုးတက်သွားမဘူးလို့ ဘယ်သူပြောလို့ရမလဲ...."

"Yo, မင်းနဲ့ P'Phaရဲ့အချစ်ဇာတ်လမ်းတွေ ငါ့လာပြောမနေနဲ့.... ငါသူ့ကိုလုံးဝစိတ်မဝင်စားဘူး... သူကစိတ်ရှုပ်ဖို့ကောင်းတဲ့ မိန်းကလေးတစ်ယောက်ဘဲ...."

"okay..okay... ငါလည်းသူ့ကို ခဏခဏပြောတယ်.. ဒါပေမယ့်သူငါ့စကားဘယ်တော့မှ နားမထောင်ဘူးလေ.."

***After School***

" Yo, သိပ္ပံကျူတာကိစ္စမမေ့နဲ့နော်...."

Yoနဲ့ကျူတာရှာဖို့ ကိစ္စပြောနေစဉ် Joeတစ်ယောက် ရောက်လာပြီး.

"Hiiiii...., MingKwaan... နင်သိပံ္ပကျူတာလိုနေတယ်လို့ကြားတယ်... ငါနင့်အတွက် ကျူတာလုပ်ပေးနိုင်တယ် နင့်တစ်ယောက်ထဲအတွက်ဘဲနော်"

" ငါစိတ်မဝင်စားဘူး.. သွားစမ်းပါကွာ..."

" Joe, နင်သူ့ကို လိုက်နေတာကြာနေပြီ ဒါပေမယ့်သူနင့်ကို လုံးဝစိတ်မဝင်စားဘူးနော်။ တခြားကောင်လေးတွေ ကတော့ နင့်ဆီကအပြုံးလေးဘဲဖြစ်ဖြစ်ရဖို့ တန်းစီနေကြတယ်..."

" သူတို့ကMingမဟုတ်ဘူးလေ... သူကသူများနဲ့မတူဘူးလေ... သူကအရာရာပြည့်စုံနေတဲ့သူ သူငါ့ကိုငြင်းလေ ငါသူ့ကို ပိုလိုချင်လေဘဲ....."

****Medical Faclty****

" Ai Kit, မင်းရဲ့ကျူရှင်ကဘယ်လိုလဲ?"

" ကောင်းပါတယ် Beam. ကိုယ်ဝါသနာပါတဲ့ အလုပ်ဆိုတော့ ပျော်တယ်ကွာ။ ဒါပေမယ့်မကြာခင်မှာ သူ့အဖေပြောင်းရတော့မှာဆိုတော့ ငါကျောင်းသားသစ် ထပ်ရှာနေတာ...."

" စိတ်မပူပါနဲ့ Kit... ခဏပါဘဲ။ မင်းက ဈေးနည်းနည်းဘဲယူပြီးတော့ အသင်အပြလည်း ကောင်းတော့ သူတို့ကမင်းကို ရှာနေကြတာပါ...."

" ငါ့ကပိုက်ဆံအတွက် လုပ်နေတာမှမဟုတ်တာ ငါ့ပျော်ရွှင်မှုအတွက်လုပ်နေတာလေကွာ ဒါနဲ့Phaကော?"

" သူလား သူ့moonပြိုင်ပွဲနဲ့ အလုပ်ရှုပ်နေတယ်"

" Ohh..okay. Beamမင်းသတိထားမိလား အင်္ဂျီနီယာဌာနက moonလည်း Phaလိုဘဲ အရမ်းမိုက်တယ်နော်....."

" ဟုတ်တယ်... အဲ့တစ်ယောက်စွန်းချောတယ်ကွ.."

" ဟုတ်တယ်... အဲ့တာကြောင့် မနေ့ကမင်းသူကို ငေးလို့ကို မပြီးတော့တာလေ....."

" Kit... ရော်..အဲ့တာဘာဖြစ်တာလို့လဲ?"

" Hmmm..... Okay.. ငါဝင်မပြောတော့ပါဘူး😁 မင်းဘဲလုပ်စရာရှိတာဆက်လုပ်ပါ..... အခုတော့ ငါမုန့်စားနေချင်တယ်...."

××××××××××××××××××××××××××××××××××××××

Thank you for reading.
💝💝💝💝💝💝💝💝💝💝
Enjoy your reading.
ဒီနေ့တင်ပေးတယ်နော် ပြောထားတဲ့တစ်ယောက် နောက်ကျသွားလို့ ဆောရီးပါလို့....



Love....Form of Complexity (Completed)Donde viven las historias. Descúbrelo ahora