For ChanBaek Day
အချစ်ဟူသည် မသိသည့်နေရာ၊ မထင်ရတက်တဲ့ နေရာက ပေါ်ထွက်လာတက်တယ်....
ဘယ်လောက်ငြင်းဆန်ဆန် ကံကြမ္မာဟူသည် ပြောင်းလဲမရ
နေဝင်ချိန် ရောင်ခြည်တို့ အလင်းကုန်ဆုံးပြီး လရိပ်တို့ ဝေဖြာလာလေတယ်။ ရာသီဥတုအခြေအနေကြောင့် လေကြမ်းတို့ တိုက်ပြီး ကမ်းနားမလို့ ရေစက်လေးတွေ စင်လာတယ်။ ဘယ်လိုဖြစ်နေပါစေ သူ့ရင်ထဲက အပူကို မငြှိမ်းနိုင်။ ဆိုဂျူတွေ ဘယ်လောက် သောက်နေပါစေ သူ့စိတ်အားလုံး မလွှတ်နိုင်သေး။ တစ်ခါလောက် စိတ်လွတ်ကိုယ်လွတ်နေချင်မိတယ်။ မူးနေပေမဲ့ အသိစိတ်တို့ မလွတ်သေးတာမို့ ရင်ထဲက အပူငြိမ်းလို့ ငြိမ်းမလားဆိုပြီး အော်ကြည့်တော့လဲ အလကား။
Flackbacks
" Appa နောက်နေတာလား.....! "
" ငါအတည်ပြောနေတာ Park Chan Yeol...! "
" အဲ့တာဆို ဘာလို့ မဖြစ်နိုင်တာကို ပြောတာလဲ....! ကျနော်က ဘာလို့ ယောကျာင်္ယူရမှာလဲ.....! မိန်းမမှ မဟုတ်တာ....Appa ကျ ဘာလို့ Omma ကို ယူလဲ.....! "
" တော်စမ်း...! Park Chan Yeol မင်းရဲ့ ဆိုးသွမ်းနေတဲ့ အကျင့်ကို ပြင်ဖို့ ငါဒီလို စီစဉ်တာ..... ငြင်းမယ် မကြံနဲ့....မိဘက ကောင်းစေချင်လို့ စီစဉ်တာ.... ငါ့စကားနားမထောင်ရင် အိမ်ပေါ်က ဆင်း.... မင်းနေ နေတဲ့ တိုက်ခန်းနဲ့ ကားလည်း ပြန်သိမ်းမယ်.... Black card လည်း ပိတ်ပစ်မယ်... အမွေပြတ်ဘဲ ကြားလား .....! "
" Ahhh!!!!!! Jinjar! သေချင်တယ် "
" သားရယ် လက်ခံလိုက်စမ်းပါ....သားအဖေက သားကောင်းဖို့.... သားကို အရင်က သားအဖေ ဘာပြောဖူးလဲ...သားရန်ဖြစ်တိုင်း လိုက်ရှင်းပေးတယ်.... ကားပြိုင်တိုင်း သား ကာပျက်စီးတိုင်းလဲပေးတယ်....သားကျောင်းမှာ Gandster အဖွဲ့ဖွဲ့ပြီး လူ့တွေကို လိုက်ရန်ရှာတုန်းကလဲ သူဘာပြောလဲ.... သားလိုက်ခံလိုက်ပါ...."
Flackbacks end
" ဟူးးးးးး "
ဘယ်နှစ်ခါမှန်း မသိတဲ့ သက်ပျင်းကိုဘဲ ထပ်ချလိုက်တယ်.....