ချန်းယောလ်က ခြေထောက်ကိုယီးလေး ဆွဲကာ မလျှောက်ချင် လျှောက်ချင်ဖြင့် canteen ဆီကို ဦးတည်တယ်။
ညက တစ်ညလုံး game ဆော့တဲ့ ရလဒ်အနေနဲ့ ညိုမဲနေတဲ့ မျက်ကွင်းရယ်နဲ့ တစ်ယိမ်းတစ်ယိုင်လျှောက်လာသည်။Canteen ရောက်တော့ ခေါင်းမထောက်နိုင်တော့တာကြောင့် စားပွဲမျက်နှာပြင်ပေါ် ပါးအပ်ပြီး မျက်လုံးအသာမှိတ်လိုက်၏။
ခဏလေးဆိုပေမဲ့ ချန်းယောလ်တစ်ကယ် အိပ်ပျော်သွားသည်။အနီးအနားမှ ကျယ်လောင်သော အော်သံတွေနှင့် ဆူညံသံတွေကြောင့် ခေါင်းထောင်ကြည့်မိပေမဲ့ အိပ်မှုံစုံဝါးဖြစ်နေတဲ့ မျက်လုံးကြောင့် ရှင်းရှင်းလင်းလင်းမမြင်ရဘူး။
ချန်းယောလ်ရဲ့ အမြဲတပ်နေကျ မျက်မှန်အဝိုင်းလေးက အိမ်မှာကျန်နေခဲ့တယ်။
အဝေးမှုန်တဲ့သူ့အတွက်တော့ လူနှစ်ယောက်ဆိုတာကလဲပြီး အထီးလားအမလားတောင်မခွဲတက်ဘူး။
ခဏကြာတော့ အိပ်ချင်လည်းတာလည်း အနည်းငယ်ပြေသွားသလို အစောကမြင်လိုက်တဲ့ လူနှစ်ယောက်ကလည်း ချန်းယောလ်ထိုင်တဲ့ စားပွဲရှေ့ မတ်တပ်ရပ်နေတယ်။
အော် အတွဲတွေဘဲ။
ကောင်မလေးက ချန်းယောလ်ကို အသေအချာစူးစိုက်ကြည့်နေပြီး ကောင်လေးကလည်း လက်ပိုက်ပြီး မှုန်သုန်သုန်ကြည့်နေ၏။ဘေးကအော်သံတွေက တစ်စတစ်စပိုကြီး ကျယ်လောင်လာတယ်။
ကျစ်!
အိပ်ချင်ရတဲ့အထဲ အော်သံတွေက ကျယ်လာတော့ ချန်းယောလ်လည်းစိတ်မရှည်တော့။" စီနီယာ ဘတ်ခ်ဟျွန်းအခုတွဲနေတဲ့ စော်က အသစ်မလား? မနေ့ကတစ်ယောက်မဟုတ်ဘူးထင်တယ် "
" မဟုတ်ဘူး.သူက စီနီယာရဲ့ အချစ်ဦးလေ။ မနေ့ကမှ US က ပြန်လာတာတဲ့ "
"သူတို့စိုက်ကြည့်နေတဲ့ ကောင်လေးက ဘယ်သူလဲ? ဝေ့ သိကြလား? "
မိန်းကလေးများသည် တစ်ကယ်မလွယ်ကြပေ။
သက်ရှိလူကိုအရှေ့ထားပြီး ပြောချင်တာပြောနေကျတာ။စီနီယာ ဘတ်ခ်ဟျွန်း?
အဲ့တာဘယ်သူလဲ?ချန်းယောလ်က စီနီယာဆိုသောသူကို ခေါင်းကို 360° ပတ်ပြီးရှာလိုက်ပေမဲ့
စီနီယာနဲ့တူသော သူကို အရိပ်တောင်မတွေ့ရပေ။