Tee Pov~
အလုပ်ပြီးတော့ ကားထဲကိုဘူးထည့်လိုက်ပြီး ပြန်ဖို့ပြင်နေတုန်း ကားနားကို P'Oh ရောက်လာတယ် မုန့်သွားစားရအောင်တဲ့ Bas က ပြီးထည်းကလာကြိုတယ်လို့ပြောပြီးလစ်သွားတာ ဘယ်သူလာခေါ်လို့လဲ မသိပါဘူး တက်တက်ကြွကြွနဲ့ လစ်သွားတာ အရိပ်တောင်မမြင်လိုက်ရဘူး ကျနော်ဘဲကျန်တော့တယ် Copter နဲ့ P'Kim က ကားတစ်စီးနဲ့ရှေ့က ထွက်သွားတယ် မုန့်ဆိုင်က Company ရှေ့တင်ဖြစ်နေတော့ P'Oh ကို ခေါ်လာပြီး ကားမောင်းပြီးထွက်လာလိုက်တယ် ကိုယ်က ကိုယ်ဖာသာကားမောင်းရတယ်လေ များတွေလို့ သက်တော်စောင့် အကြိုအပို့လုပ်ပေးမယ့်သူမှာမရှိတာ ဆိုင်ရောက်တော့ Copter နဲ့ P'Kim ကရောက်နှင့်ပြီလေ လေးယောက်သား အတူတူထိုင်စကားပြောနေရင်း P'Oh ကအလုပ်ကိစ္စဖုန်းဝင်လာလို့ ကျနော်တို့ကို ထားပြီးထွက်သွားတယ် ကျနော်တို့လည်းမပြီးသေးတော့နေခဲ့လိုက်တယ် ကျနော်အစားကိုဘဲမဲ စားနေတုန်း Copter လက်လာတို့တယ် ဘာလဲမေးလိုက်တော့ မေးငေါ့ပြပြီး
"ဟိုမှာ P လူကြီး..."
သူပြတဲ့နေရာလှမ်းကြည့်တော့ P'Tae က P'Oh နဲ့ ဆိုင်ရှေ့မှာစကားပြောနေသည် ကျနော် Copter ဘက်လှည့်ပြီး အံကျိတ်ပြောလိုက်သည်
"ဘယ်က P လူကြီးကမှာလည်း မဟုတ်ပါဘူး P'Tae ဟာကို"
"ဟုတ်ပါတယ်လုပ်လိုက်ပါ P ရယ်"
Copter ကျနော်ကိုစနောက်နေသည် ခဏနေတော့ P'Tae ဆိုင်ထဲကိုဝင်လာသည် အကြည့်ချင်းဆုံသွားတော့ ကျနော်တို့ ၃ ယောက်ကို ပြုံးပြပြီးနှုတ်ဆက်လိုက်သည် သူပြုံးတာ အလွန်ကြည့်ကောင်းတယ်လို့တွေးနေမိသည် Copter က စကားစလာပြောမှ သတိဝင်သွားခဲ့သည်
"P လူကြီးကလည်း ဘာမှန်းလည်းမသိဘူး ကျနော်က သူစကားလာပြောမယ်ထင်ထားတာအခုတော် ပြုံးပြရုံဘဲပြီးသွားတယ် သူလက်ဆောင်ပေးထားတာ နည်းနည်းလောက်တော့စကားလာပြောသင့်တာပေါ့ အခုဟာက သူပုံစံက သူမဟုတ်သလိုမျိုးကြီး ဟွန့်"
"သူလည်း မရင်းနှီးလို့နေမှာပေါ့ P လူကြီး P လူကြီးနဲ့ မရပ်သေးဘူးလား"
"P ကလည်း ဒါမှမဟုတ် ကျနော်တို့ ရှိနေလို့များလား ရှောင်ပေးရမလား"
"ညိမ်ညိမ်နေပါ ဂျာပုရယ် မင်းလုပ်မှ အခြေနေပိုဆိုးသွားမယ်"
P'Kim က ကျနော်တို့ကျိတ်ပြောနေတာကို အနားတိုးလာပြီး
"ဘာပြောနေကျတာလဲ P ကိုပြောပြ"
Copter က စိတ်မရှည်တဲ့ပုံစံနဲ့
"ဒါကလေးတွေ ကိစ္စ လူကြီးတွေနဲ့ မဆိုင်ဘူး ညိမ်ညိမ်နေ စားစရာရှိတာစား"
P'Kim က Copter စကားကိုကြားပြီး ခေါင်းလေးငုတ်ပြီး ပန်းကန်ထဲက အစားသောက်ကိုသာ ဆက်စားနေလေသည် ကျနော် သူတို့ကိုတွေမိတယ် Copter ကသာမူနေတာ P'Kim က တော်တော်ချစ်ရှာသား Copter စကားတခွန်းဆိုတခွန်းဘဲ ကျနော်ကို ကျနော်ပြန်ကြည့်တော့ ဒီအသက်အရွယ်ထိ အဖြစ်မရှိသေး ဒါကလည်းကျနော် ဇီဇာကြောင်နေလို့လဲပါတာပေါ့ အခုကိုယ်ရှေ့က သူလည်းမဆိုးပါဘူးလေ တည်ကြည်တယ် ခန့်ညားတယ် လုံးဝ Smart ကျတယ် ဘယ်လိုကြည့်ကြည့် P က ကြည့်ကောင်းတယ် ကျနော် ငေးကြည့်နေမိတယ်
"ဟာ P ဒုက္ခပါဘဲ ပြုတ်ထွက်ကုန်ပြီ ပြန်ကောက်ကောက်..."
Copter အလန့်တကြားအော်သံကြောင့် ကျနော်ရောရောင်ပြီး လိုက်ရှာနေမိသည်
"ဘာပြုတ်ထွက်တာလဲ ဘယ်မှာလဲ"
P'Kim ကပါ အလန့်တကြားဘာဖြစ်လဲလိုက်ရှာပေးနေသည် Copter လှည့်ကြည့်တော့ရီကျဲကျဲ နဲ့ သိလိုက်ပါပြီ ကျနော် အကျပ်ခံလိုက်ရပြီဆိုတာကို
"ပြောဘာပြုတ်ကျတာလဲ...."
"P'Tee မျက်လုံးလေ ငေးနေတာ ထွက်တောင်ကျသွားပြီ"
"ဂျာပု နော်...." မျက်စောင်းထိုးကြည့်လိုက်သည်
"P ရယ် အရမ်းကြီးမငန်းပါ နဲ့ သိက္ခလေးဘာလေးဆယ်"
ကျနော် Copter ကိုမျက်စောင်းထိုးကြည့်လိုက်ပြီး မသိမသာခိုးရှိုးပြီးညိမ်နေလိုက် သည် ဟိုကတော့ ကျနော်တို့ရှိတယ်တောင်ထင်မှာ မဟုတ်ဘူး အစားကိုသာ စားနေတာ မုန်းချင်စရာကြီး ဆက်ငန်းနေရင် ဟိုဂျာပု လေနဲ့ပိနေအုန်းမယ် အစားသာဆက်စားနေလိုက်သည် ကျနော်တို့စားရင်းစကားပြောနေတုန်း P'Tae ထွက်သွားသည် ကျနော်တို့လည်း မကြာပါဘူးပြန်လာလိုက်သည် Copter ကတော့ P'Kim ကလိုက်ပို့ပေးတော့ အတူတူ ပြန်သွားသည် ကျနော်ကတော့ ကိုယ်ဖာသာဘဲကားမောင်းပြီးပြန်လာလိုက်သည်
ညဘက်ရောက်တော့ အခန်းထဲက ဘူးနဲ့ Selfile ကိုရိုက်လိုက်ပြီး
"Thank You" ဆိုပြီး Twitter မှာ Tweet လိုက်သည်
ဘူးကိုဖွင့်ကြည့်ပြီး ဘူးထဲကပစ္စည်းတွေမွှေနှောက်ပြီး နောက်ထက် Tweet တခု Tweet လိုက်သည်......
________________
ကျေးဇူးအထူးတင်ရှိပါသည်။
YOU ARE READING
My Dear Superstar
Fanfictionကျနော်မှာ ချစ်စရာကောင်းတဲ့ညီမလေး တယောက်ရှိတယ် ကျနော်အချစ်ဆုံးလေး သူဖြစ်စေချင်တာဆို ကျနော်ဖြစ်အောင်လုပ်ပေးဖို့ အဆင်သင့်ဘဲ။ ကျနော်သူကို အမြဲဦးစားပေးစမြဲ ကျနော်ဘဝမှာ မထင်မှတ်ဘဲ ဖြစ်လာတဲ့ အချစ်မှာ ညီမလေးနဲ့ အပြိုင်အဆိုင်ဖြစ်လာသောအခါ ကျနော်ဘယ်လိုလုပ်ရမလ...