ဒေါက်ဒေါက်.......
Tae Pov~
တံခါးခေါက်သံကြောင့် မပွင့်သေးသော မျက်လုံးများကို အားယူကာကြိုးစားဖွင့်လိုက်သည် ပတ်ဝန်းကျင်က အဖြူရောင်အလင်းတန်းများကြောင့် မျက်စိကျိမ်းသွားသည် ထပ်မံကြိုးစားကြည့်လိုက်သည် ကောင်းကောင်းမြင်လို့ရသွားသည် ကုတင်ဘေးက စားပွဲပုလေးပေါ်က ဖုန်းကို ယူကြည့်လိုက်သည် အချိန်က 8:30 ထိုးပြီးလေ ညနေစောင်းမှဝင်လာသော Email တွေကို Reply လုပ်ရင်း Report ရေးရသေးသည်ကြောင့် ညဥ့်နက်မှ အိပ်ပျော်သွားသည် ပုံမှန်ဆိုအိပ်ရာထနောက်မကျတက်ပေမယ် ဒီနေ့ နောက်ကျမှ နိုးသည် ထပ်မံကြားလိုက်ရသည်မှာ အခန်းတံခါးဆီက တံခါးခေါက်သံ ဖွင့်ပေးဖို့ အားယူပြီးထလိုက်သည် Tee ဆိုတဲ့ ကလေးတော့ ညက Game ဆော့ရင်းအိပ်ပျော်သွားသည် သူဖုန်းကို ယူကာ စားပွဲပုလေးပေါ်တင်ပေး သူအားစောင်ခြုံပေးလိုက်သေးသည် တဖက်ကုတင်က စောင်ပုံကြားမှာ ဖြူစင်စွာ အိပ်ပျော်နေသေးသည် တံခါးဆီသွားရောက်ဖွင့်ပေးလိုက်တော့ Tee သူငယ်ချင်း Copter ဆိုတဲ့တစ်ယောက်နှင့် Basဆိုသည့်ကလေး နှစ်ယောက်သားလူကိုမြင်တော့ မျက်လုံးအပြူးသားဖြင့် ဘာမှမပြောဘဲရပ်ကြည့်နေသည်
"Tee ဆီလား" မေးလိုက်သည် ခေါင်းညှိမ့်ပြပြီး
Copterဆီက နေ "Sawatee kha... P'Tae" လို့နှုတ်ဆက်လိုက်သည်
ကျနော်လည်း "Sawatee... Nong" ပြန်နှုတ်ဆက်လိုက်သည်
"P'Tee ရှိလား..." မေးလာသည်
"အိပ်နေတုန်းမနိုးသေးဘူး... အခန်းထဲဝင်လေ" ကျနော်ခေါ်လိုက်ပြီး အိပ်နေသည့်ကုတင်ထိ ကျနော်ဦးဆောင်လျှောက်လာလိုက်သည် နှစ်ယောက်သားကုတ်ကုတ်နှင့် လိုက်လာပြီး Teeကိုမြင်တော့ နှစ်ယောက်သား အိပ်ယာပေါ်ခုန်တက်လိုက်သည်နှင့် အတူ Tee ဆီက အသံပါထွက်လာသည်
"Arr... Shit ya" သံနှင့်အတူ မျက်လုံးပါပွင့်လာပြီး မြင်တာက ပြုံးစိစိနှင့် Copter ဖြစ်နေတော့ ထပ်မံအော်သံထွက်လာခဲ့သည်
"COPTER..." Tee ဆီက ထွက်လာသောအသံမှာ တော်တော်စူးရှပါသည်
"ထတော့ မနက်စားသွားမယ်..." ငြိမ်နေသော Bas ဆီက အစားဆိုသော အသံထွက်လာသည်
YOU ARE READING
My Dear Superstar
Fanfictionကျနော်မှာ ချစ်စရာကောင်းတဲ့ညီမလေး တယောက်ရှိတယ် ကျနော်အချစ်ဆုံးလေး သူဖြစ်စေချင်တာဆို ကျနော်ဖြစ်အောင်လုပ်ပေးဖို့ အဆင်သင့်ဘဲ။ ကျနော်သူကို အမြဲဦးစားပေးစမြဲ ကျနော်ဘဝမှာ မထင်မှတ်ဘဲ ဖြစ်လာတဲ့ အချစ်မှာ ညီမလေးနဲ့ အပြိုင်အဆိုင်ဖြစ်လာသောအခါ ကျနော်ဘယ်လိုလုပ်ရမလ...