795 83 9
Zawgyi
ဖုန်လုံးကြီး တလိမ့်လိမ့်နှင့် မညီညာသော လမ်းကြမ်းထက် ရှေ့မီးသီးကြီး ထိန်ညီးနေအောင် ထွန်းကာ မောင်းနှင်းလာသော ဆိုင်ကယ်တစ်စင်း ....
ဆိုင်ကယ်က အပျို မဟုတ်.. အမေတစ်ခု သားတစ်ခု...
ဆိုလိုချင်တာက ရိုးရိုးဆိုင်ကယ်နံဘေးမှာ ဘေးတွဲ ကယ်ရီယာ ခုံကို ဘီးတပ်နှင့် ပါရှိနေခြင်းဖြစ်သည်။
ကိုလိုခေတ် တကျော့ပြန်ဖြစ်သော်လည်း ယခင် ဂျပန့် ခေတ်က ဂျပန်သုံး လက်ကျန် ဆိုင်ကယ်တစ်စီးက ဒီခေတ်ထိအာင် သုံးကောင်းနေဆဲ...။
မောင်းနှင်သူ နေရာတွင် အသားအရည် ဖြူဖျော့ဖျော့ လူ့ဖလံ ပါးပါးပိန်ပိန်ကို တပ်သားဝတ်စုံအပြည့်ဝတ်ဆင်ထားပြီး ထိုသူ၏ ပိန်သောခါးကို ခါးပတ်ကျပ်ကျပ်ဖြင့် စည်းနှောင်ထားသည်။ ဆိုင်ကယ်ဦးထုပ်နှင့် ဆက်စပ် မျက်မှန် မှန်ကာကိုလဲ ဆောင်းထားလေသည်။ ရှေ့တူရှု အာရုံစူးစိုက်ကာ မောင်းနေရသောကြောင့် မှန်ကာအောက်မှ မျက်လုံးများက ပြူးကျယ်စူးရှနေပြီး နှုတ်ခမ်းများက ရှေ့ထော်နေကာ နှုတ်ခမ်းမွှေးစစ တို့က အပေါ်ထောင်နေလေ၏။
နံဘေးက ကလေးပုခက်နှင့် အလားသဏ္ဍာန်တူသော ကယ်ရီယာထဲတွင် မိန့်မိန့်ကြီး ငိုက်လျက်ပါလာသူကတော့ ရွှေမြိုင်ရွာသို့ သွားရောက်မည့် ဗိုလ်မှူးကြီး ခရစ် ဖြစ်သည်။
သူ၏ နံကြားညှပ် ကျိုင်းတုတ်လေးကို ရင်ဝယ်ပိုက်ကာ တပည့်ကြီးရဲ့ မောင်းနှင်မှုအပေါ် စိတ်ချ ယုံကြည်စွာဖြင့် နှုတ်ခမ်းမွှေးထူထူကို လေမှာ တလူလူလွှင့်ကာ ငိုက်လာလေသည်။
မြို့မှသည် တောလမ်းအသွယ်သွယ်ဖြတ်ကျော်လာပြီးနောက် ရွှေမြိုင်ရွာအနီးမှ "ဝါကု" တောကြီးထိ ရောက်ပေါက်လာခဲ့ပေပြီ။တနေကုန်ပြီး တစ်ညဥ့်ကျော်သည့်တိုင် ရွှေမြိုင်ရွာသို့ ရောက်ဖို့ရန်က လှမ်းနေသေးသည်။ မိုးသောက်မှသာ ရောက်ရန် မြင်တော့သည်။ တွေးရင်းတောရင်း တပည့်ကျော်ကြီး လုဟန် တစ်ယောက် "ဝါကု" တောမည်းကြီးထဲကို ဆိုင်ကယ်ကြီး ဒီးဒီးချ မောင်းလာလေသည်။
လွင်ထီးခေါင်ပြင် ဖုန်လုံးကြီးများကြားမှ တောကြီးထဲသို့ဝင်ရောက်လာသောအခါ ပတ်ဝန်းကျင်အပြောင်းအလဲကြောင့် အအေးဓါတ်ပိုလာကာ လုဟန်တစ်ယောက် မောင်းနေရင်း ကျောထဲ စိမ့်လာသည်။
မာစတာ့ကို လှည့်ကြည့်လိုက်တော့ အိမ်မက်လေးများနဲ့ နှစ်ပါးသွားနေဆဲ.....
မဖြစ်ချေဖူး.. ဒီအတိုင်းလဲ ဆက်မသွားရဲဖူး မာစတာ့ကို နှိုးလိုက်တော့မယ် ... အဆူခံချင်လဲ ခံရပလေ့စေ။
စက်ကိုအရှိန်လျှော့လိုက်ရင်း မာစတာ့ဖက်လှည့်ကာ ကုန်းအော်သည်။ "မာစတားးးးး!!!??????"
"မာစတားးးးးးးး တီတီ ပွမ်ပွမ် ဂေါ်ဂေါ်"
လက်မှလဲ ဟွန်းကို အဆက်မပြတ်တီးလိုက်သည်။
"ဝူးးးဝူးးး ဝါးးးဝါးးး ဂူးဂူးးဂါးးးဂါးးးး အိုးးးမိုင့်ဂေါ့ ....
ဘာတွေဖြစ်ရတာလဲ မောင်မင်း လုဟန်ရယ်... ဟူးဟူးဟူး"
တော်တော်မှ လန့်သွားပုံရသော မာစတာ့၏ပုံစံကြောင့် လုဟန် သွားဖြီးလေးဖြင့် "မာ .... မာစတာရယ် ဆော်ရီးပါ... ဒါက ဒီလိုရှိပါတယ်.... တောထဲ ဖြတ်ဝင်လာရင်းနဲ့ ကျောထဲစိမ့်လာပြီး ကြောက်လာလို့ပါ မာစတာရယ်... မာစတာလဲ ကျွန်တော် သရဲကြောက်တတ်တာ သိသားနဲ့ ...."
[မှတ်ချက် - တပည့်ကျော် လုဟန်သည် မီးကျိုးမောင်းနင်း အင်္ဂလိပ်စကားကို ပြောပြီး မာစတာခရစ်က ဗြိတိန်စကားကို ပီသစွာပြောသည်.. မာစတာသည် မြန်မာစကားကို မတောက်တခေါက်သာ ပြောနိုင်ပေသည်]
You've reached the end of published parts.
⏰ Last updated: Jan 04, 2023 ⏰
Add this story to your Library to get notified about new parts!
တောဂေါ်လီကြက်ရိုး နှင့် ရွှေမြိုင်ရွာမှ အရှုပ်တော်ပုံWhere stories live. Discover now