Part 4

5.1K 501 11
                                    

သူ့ကာတွန်းစာအုပ်တွေကို ဟိုလှန်ဒီလှန်လုပ်နေသော သစ် ကို ခပ်စင်းစင်းမှိပ်ထားသော မျက်လုံးတွေကြားမှာ တွေ့နေရသည် ။ ထို့နောက် စားပွဲပေါ်မှာထောင်ထားသော သူတို့နှစ်ယောက် 5 တန်းနှစ်တုန်းက ကျောင်းစုံညီပွဲမှာ ရိုက်ထားသော  ဓာတ်ပုံကို ယူကြည့်နေပြန်သည် ။

"နိုးနေရင်ထတော့"

ဘောင်ကွပ်ထားသော ဓာတ်ပုံကို စားပွဲပေါ်ကို အသာပြန်ချရင်း သူ့ဘက်တည့်တည့် ကြည့်ကာ ပြောလာသောကြောင့်

"ဘယ်လိုသိ "

"ငါ့အာရုံက မင်းထက်ကောင်းတယ် "

မေးကို ဆတ်ခနဲ မော့ရင်းပြောပုံက မခန့်

"မနေ့ညက ဆူခံရသေးလား "

မနေ့ညက သူတို့နှစ်ယောက် ပန်းခြံကပြန်ရောက်တော့ မှောင်ရီပျိုးချိန်ပင်  ဖြစ်သွားသောကြောင့် သစ် ဆူခံရမှာ စိတ်ပူမိပြန်သည် ။

ထို့ကြောင့် အိပ်ရာပေါ်မှ ထကာ စောင်ကို သေချာစွာ ပြန်ခေါက်ရင်း မေးတော့

"သက်ဘုန်းစံ ပါတယ်လို့ ပြောလိုက်တာနဲ့ ကိစ္စပြတ်တယ် "

မျက်စိတစ်ဖတ် မှိတ်ပြကာ ဖြေပြန်သည် ။ ကြည့် ကြည့် တစ်ကယ်ကို အမျိုးမျိုးလုပ်နိုင်နေတာ

"ခဏစောင့် ရေသွားချိုးဦးမယ် "

စင်ပေါ်မှ Ironman ရုပ်ကို ကိုင်ကာ မေးကိုသာ ဆတ်ခနဲ မော့ပြပြန်သည် ။ ဒါ သစ်ရဲ့ သွား ဆိုသည် ကို ပါးစပ်ကမပြောဘဲ အမူအရာနှင့် ပြတာဖြစ်သည် ။

ဤကဲ့သို့ မနက်တိုင်း လိုလိုပင်  သစ် က သူ့အိမ်ကို လာကာ သူ့ကို နှိုးလေ့ရှိသည် ။ သူက ကျောင်းပိတ်တဲ့ နေ့တွေဆိုရင် နေမြင့်အောင် အိပ်လေ့ရှိသည် ။ သစ် ကတော့  မနက်စောစော နိုးလေ့ရှိသည် ။ " နယ်သားတွေက အဲ့လိုဘဲ စောစောနိုးပြီး မြို့သားတွေက နောက်ကျမှထတာလေ " လို့ နောက်ပြောတုန်းက ကျောပွင့်အောင် ထုခံရဖူးတာ သတိရတော့ ကြက်သီးတောင် ထမိသွားသည် ။

ရေချိုးပြီး အခန်းထဲပြန်လာတော့

သစ် က ကုတင်ပေါ်မှာ မှောက်ရပ်ဖြင့် သူ့ကာတွန်း စာအုပ်တစ်အုပ်ကို ဖတ်နေသည် ။ စပို့ရှပ် အင်္ကျီ အဝါရောင် ဂျေဂျေ ဘောင်းဘီတို အနက်ရောင် နှင့် သစ် က သူ့အတွက် တော့ အရမ်းကို လှပသော ပန်းချီ ကားတစ်ချပ်အလား

သစ် Where stories live. Discover now