Part 7

4.9K 452 12
                                    

သက်ဘုန်းစံ နှင့် မင်းထက်သစ် ကုတင်ပေါ်မှာ မျက်နှာချင်းဆိုင်ထိုင်ကာ တစ်ယောက်ကို တစ်ယောက် ပေါက်ထွက်သွားတော့မလို ကြည့်နေမိသည် ။ လှုပ်ရှားမှုမရှိ တိတ်ဆိတ်မှု သာရှိသည် ။ နှစ်ယောက်လုံး အကြည့်မလွှဲမိ

သက်ဘုန်းစံ မျက်လုံးတွေ တော်တော်အောင့်နေပြီ ဖြစ်သည် ။ မျက်ရည်ပူတွေ လည်း စီးကျချင်နေသလို မျက်သားတွေလည်း စပ်ဖျင်းဖျင်းဖြစ်နေသည် ။ အတတ်နိုင်ဆုံး စိတ်ကိုစုစည်းပြီး အာရုံစိုက်သော်လည်း မရ
သစ် ဘယ်လို နေလဲမသိ သက်ဘုန်းစံကတော့ မရချင်တော့ ထိန်းမရတော့

မှိတ်မိတော့မယ်...

မှိတ်တော့မယ်..

တောင့်ထား သက်ဘုန်းစံ တောင့်ထားဦး..

မရတော့ဘူး...

" သွားပြီကွာ ကျွတ် "

ကျွန်တော့ရဲ့ ညည်းညူသံအဆုံး

"ဟားဟား လာထား "

အောင်နိုင်သူ မဟာသစ် ၏ ဝမ်းခေါင်းရယ်သံကြီး အဆုံး

နဖူးပေါ်မှာ မီးပွင့်သွားသည် ။

"မင်း အရင် စိန်ခေါ်ပြီးတော့ ဟားဟား "

တစ်ချိန်လုံး လူသေလို မျက်လုံးသေ လုပ်ထားရာမှ အခုမှ မျက်တောင်ကို အဝခတ်ကာ ရယ်နေတာများ အားရပါးရ လက်ညိုးနှင့် ကျွန်တော့ကို ထိုးထိုးပြီးကို သဘောကျနေတာ

"နေပါ သစ် ရာ မင်းတစ်ကယ် မျက်တောင်မခတ်ဘဲ နေနိုင်တယ်နော် "

မျက်ဝန်းထောင့်တွေရဲပြီး မျက်ရည် တွေကို လက်နဲ့ သုတ်ကာ ဝမ်းနည်းပက်လက် နှင့် ပြောလာသော သက်ဘုန်းစံ ပုံစံက တစ်ကယ့်ကို ကျွန်တော့စိတ်တွေ ထိန်းမရအောင်လုပ်သည် ။

ရယ်ချင်သည့် စိတ်ကို တစ်ကယ်ကို ထိန်းမရ ။ ခုနကတင် သူဘဲ လေကြီးလေကျယ် နဲ့ပြောခဲ့တာ " ကစားမယ် ငါနိုင်ရင် မသနားဘူးနော် အသေ တောက်မှာ " တွေဘာတွေနဲ့ ခုကျမှ မျက်ရည်လေး တဝဲဝဲ

"တော်ပြီကွာ အိပ်တော့မယ် "

ခေါင်းအုံးဆွဲ စောင်ဆွဲပြီး စောင် ကို လွှားခနဲ ခြုံတော့
အောက်မှာ ခြေထောက်က မလုံ

သစ် Where stories live. Discover now