#zawgyiYoona mallကနေ ပြန်လာပြီး သူ့ချစ်သူ Sulliရဲ့ အိမ်ကို သွားလိုက်သည်။
တံခါးပွင့်လာပြီး အထဲကနေ Sulli ထွက်လာကာ Yoonaကို ဖက်လိုက်သည်။
"I miss you Yoon....""Me too...."
Yoonaတို့ အိမ်ထဲဝင်လာပြီး ချောကလက်ကို Sulli အား ပေးလိုက်သည်။
"ရော့ ဒီမှာ ချောကလက်ဝယ်လာတယ်....."
Sulli ချောကလက် ယူလိုက်ရင်း Yoona နှာခေါင်းက သွေးစတစ်ချို့ကို တွေ့တော့ စိတ်ပူသွားတယ်
"Hey....နှာခေါင်းက ဘာဖြစ်တာလည်း....."
Yoonaရဲ့ နှာခေါင်းကို ကိုင်ပြီး Sulli မေးလိုက်သည်။"Mallမှာ အရိုက်ခံလိုက်ရတာလေ....."
"Oh My God.....ဘယ်သူက ရိုက်တာလည်း.......နေအုံး ရေခဲဝတ်ကပ်ပေးမယ်"
Sulli မီးဖိုခန်းထဲ ၀င်သွားပြီး ခဏအကြာ ရေခဲတုံးတွေနဲ့ ပြန်ထွက်လာတယ်.......
ပြီးနောက် Yoonaကို ရေခဲဝတ်ကပ်ပေးလိုက်သည်။
"ဘယ်သူက ရိုက်တာလည်း ဘာကြောင့်လဲ.. ..."
"အဲ့ ကောင်မလေး ဘယ်သူမှန်း ငါ မသိဘူး....."
"ဟင် ကောင်မလေး ဟုတ်လား....."
Yoona စကားကြောင့် Sulli အားရပါးရ ရယ်လိုက်သည်။"Ah....နင် ငါ့ကို လှောင်နေတာလား......"
Yoonaရဲ့ ပါးလေးကို Sulli ဆွဲလိုက်ပြီး ခေါင်းခါကာ
"ငါ နင့်ကို လှောင်တာမဟုတ်ပါဘူး.....ဒါနဲ့ ဘယ်လိုဖြစ်လို့ အရိုက်ခံရတာလည်း.....""ငါလည်း မသိဘူး......သူ ဘယ်သူလည်းဆိုတာတောင် မသိတာ......"
"သူ့ကို မသိဘူးဆို ဘာလို့ သူက နင့်ကို ရိုက်တာလည်း...."
"ငါ တကယ်မသိတာပါ....ပြီးတော့ ငါ မျက်နှာများတာမဟုတ်ဘူး.....ငါ နင့်ကိုဘဲ ချစ်တာပါ.......ယုံပေးပါ......"
Sulli အထင်လွဲသွားပြီဆိုပြီး Yoonaမှာ မျက်နှာငယ်လေးနဲ့ ရှင်းပြနေ၏Sulli ရယ်ပြီး Yoonaရဲ့ မျက်နှာလေးကို လက်နှစ်ဖက်နဲ့ကိုင်ကာ
"ငါ အဲ့လိုမတွေးပါဘူး.....ငါလည်းဘဲ နင့်ကို အရမ်းချစ်တာပါ.....ငါ နင့်ကို အမြဲ ယုံကြည်တယ်ဆိုတာ
မှတ်ထားပေးပါ....."