Sicaနဲ့အတူ အနီးအနားက ပန်းခြံမှာ လမ်းလျှောက်ရင်း Mallမှာ ပထမဆုံး တွေ့ဆုံခဲ့ချိန်ကို Yoona ပြန်တွေးမိနေသည်။
Sica သူ့ကို အိတ်နဲ့ ရိုက်သွားတာကို မြင်ယောင်မိပြီး Yoona ပြုံးမိသွားတယ်
"Hey...လမ်းလျှောက်ရင်း ဘာလို့ ပြုံးနေတာလည်း.....ဧကန္တ နင့်ချစ်သူအကြောင်း တွေးမိလို့လား....."
Sica ရုတ်တရက် မေးလိုက်လေသည်။Yoona ချက်ချင်းဘဲ ခေါင်းခါပြီး
"No....မဟုတ်ပါဘူး ငါ့မှာ ချစ်သူမရှိဘူး ....""ဘာလို့ မထားတာလည်း....."
"ငါ တစ်စုံတစ်ယောက်ကို စောင့်နေလို့ ...."
Sicaကို ကြည့်ပြီး Yoona ပြောလိုက်သည်။"ရွှီး...."
"ငါ အမှန်ပြောတာပါ....ဒါပေမယ့် နောက်ကျသွားပြီလေ....."
Yoona သူ့ဆံပင်ကိုသူ လက်နဲ့ သပ်ရင်းပြောလိုက်သည်။Yoonaရဲ့ စကားကြောင့် Sica မျက်မှောင်ကြုတ်ကာ
"ဘာလို့လည်း ...."Yoona သက်ပြင်းချလိုက်သည်။
"Sica....နင့်မှာ ကလေးနဲ့ မိသားစု ရှိနေပြီလေ....သူတို့နဲ့ နင် ပျော်နေပြီလေ..."
"Oh my god....နင် ဘာတွေပြောနေတာလည်း ....."
Yoona လမ်းလျှောက်နေတာ ရပ်ပြီး Sica ဘက်ကို မျက်နှာမူလိုက်တယ်
"Coffeeဆိုင်မှာ ကလေးတစ်ယောက်ရယ်....ယောင်္ကျားတစ်ယောက်နဲ့ ပျော်နေတဲ့ နင့်ကို ငါတွေ့ခဲ့တယ် Sica...."
"နေပါအုံး...နေအုံး Minho ကို ငါ့ယောင်္ကျားထင်ပြီး juneကို ငါ့ကလေးထင်နေတာလား...."
"ငါ သိပါတယ်....သူတို့က နင့်ရဲ့ဘ၀...ငါက နင့်အတွက် အရေးမပါတော့ဘူးဆိုတာ....."
Yoonaရဲ့ စကားကြောင့် Sica အော်ရယ်မိသွားတယ်....ရယ်ရင်း Yoona လက်မောင်းကိုလည်း တဖုန်းဖုန်းရိုက်နေလေရဲ့
"Yah ငါပြောတဲ့ထဲ ရယ်စရာမပါတာကို ဘာလို့ ရယ်နေတာလည်း ပြီးတော့ ငါ့ကိုရိုက်တာရပ်...."
![](https://img.wattpad.com/cover/128679324-288-k559552.jpg)