Zawgyi
ဒီမှာပါဝင်မယ့်အကြောင်းအရာတွေကိုနည်းနည်းပြောချင်ပါတယ်။စာအုပ်လေးတွေကို မိတ်ဆက်ပေးရုံမကပါဘူး။စာပေနဲ့ ပတ်သတ်တာတွေကိုလည်း အလျဉ်းသင့်သလို ဖော်ပြပေးသွားမှာပါလို့။စာရေးဆရာအကြောင်းတွေလည်းပါရင်ပါပါမယ်။မိတ်ဆက်ပေးမယ့် အကြောင်းအရာက စာအုပ်တစ်အုပ်ဆိုတာထက်ကို ပိုနိုင်ပါတယ်လို့။တစ်ခါတရံလည်း Author Noteလေးတွေပါပါမယ်လို့...**ပြီးတော့ ဖတ်ချင်တဲ့typeတွေရှိရင်ပဲဖြစ်ဖြစ်၊ အကြံပေးချင်တာပဲဖြစ်ဖြစ် လိပ်ပြာရဲ့ CBမှာကော Commentမှာကော ရေးသွားလို့ရပါတယ်။ဝယ်ရခက်လို့ စာအုပ်အတိုင်း အကျယ်တဝင့်ပြန်ရေးပေးစေချင်တာတွေ ရှိရင်လည်း လာပြောလို့ရပါတယ်လို့။
**အရေးအကြီးဆုံးပြောချင်တာက လိပ်ပြာReview ရေးပေးလိုက်တဲ့ စာအုပ်လေးတွေထဲက တစ်အုပ်လောက်ပဲဖြစ်ဖြစ် Readerတို့အတွက် အကျိုးရှိပါစေလို့ ဆန္ဒပြုချင်တာပါ။
Readerတို့ အကျိုးရှိတဲ့စာအုပ်လေးတွေကို ဖတ်ရှုပြီး လက်တွေ့မှာအသုံးချနိုင်ကြပါစေ။အကျိုးလည်း ရှိပါစေ....
စာဖတ်နည်း
ဒါကတော့ အရေးမကြီးဘူးလို့ ထင်ရပေမယ့် တကယ်တမ်းတော့ အရမ်းကို အရေးကြီးတာပါ။Readerတို့ကို မေးခွန်းတစ်ခု အရင်မေးပါရစေ။ စာအုပ်တွေဘယ်လောက်များများ ဖတ်ခဲ့ပြီးပြီလဲ?? ဒီမေးခွန်းလေးက ရိုးရှင်းပါတယ်။ကောင်းပြီ။Readerတို့ စာအုပ်တွေအများကြီး ဖတ်ခဲ့ကြဖူးမှာပေါ့။ဒါဆို နောက်မေးခွန်းလေး ဆက်ရအောင်။ဖတ်ခဲ့ဖူးတာတွေအားလုံး...ဒါမှမဟုတ် တော်တော်များများကို လက်တွေ့မှာ အသုံးချဖြစ်လား?? အဖြေကတော့ လက်တွေ့မှာအသုံးမချဖြစ်ကြတာများပါတယ်။ ဒါဆိုရင် စာအုပ်ဖတ်ရတာ ဘာများအကျိုးဖြစ်ထွန်းသလဲ? စာအုပ်တွေက ပေးစွမ်းတဲ့ အကျိုးကျေးဇူးတွေကို Readerတို့ ရမှရကြရဲ့လား??? တချို့ဆိုရင် ဖတ်ပြီးမေ့သွားကြတာတောင် ရှိကြပါတယ်။ ဒါဆို Readerတို့ စာအုပ်တွေကို ဘယ်လို ဖတ်ကြသလဲ? အဖြေကတော့ ရှင်းပါတယ်။ တောက်လျှောက်ဖတ်သွားတာပေါ့။တစ်ခါတလေ ထမင်းမေ့ဟင်းမေ့ပဲမလား။ ဖတ်တာတော့ဟုတ်ပါပြီ။ အဓိက messageတွေကိုကော ရကြရဲ့လား????
ESTÁS LEYENDO
Book Review
No FicciónZawgyi Authorသဘောကျတဲ့ စာအုပ်လေးတွေကို Book worm လေးတွေအတွက် မိတ်ဆက်သဘောမျိုးလေး ရေးပေးသွားမှာပါလို့..... #Book Review Unicode Authorသဘောကျတဲ့ စာအုပ်လေးတွေကို Book worm လေးတွေအတွက် မိတ်ဆက်သဘောမျိုးလေး ရေးပေးသွားမှာပါလို့..... #Book Review