#Khit Thit Ko ~
"ကိုသစ် "
ဒီနေ့က uniပိတ်ရက်...
နေ့တိုင်း 6နာရီထခဲ့ရတာပေမယ့် ဒီနေ့ မထလည်းရသည်။ အလွန်အကျွံ အိပ်ပစ်မည် ရည်ရွယ်ချက်ဖြင့် အိပ်ယာထဲကွေးနေမိပေမယ့် ဘေးမှ တရဆက်နှိုးနေသော အသံကြောင့် ရည်ရွယ်ချက်က အထမမြောက်တော့သည့် အခြေအနေ...ကျစ်...
"ကိုသစ် ထတော့လို့ "
နှိုးနေတဲ့ အသံ...
ဒါဟာ အခန်းဖော် စည်သူရဲ့အသံ...
နိုးနေပေမယ့် မထချင်သေးတာမို့ မျက်လုံးစုံမှိတ်လျက် အာရုံနဲ့ဆုံးဖြတ်ရင်း အသိကထင်းလင်းနေလျက်။"ရတယ် ထားခဲ့လိုက်တော့ စည်သူ~
ငါပဲဆက်နှိုးလိုက်တော့မယ်"ကြားကဖြတ်ဝင်လာသော သြရှရှအသံတစ်ခုက နားထဲ ရှင်းခနဲကြားလိုက်မိသည်။
သိလိုက်ပြီ သေချာပေါက်...
ကျနော် ခေတ်သစ်ကို ရဲ့ဘဝအတွက် ထုံးတမ်းအစဉ်အလာ လိုဖြစ်နေတဲ့ အနှောင့်အယှက် တစ်ခု...
ထိုအနှောက်အယှက်ကို ဝတ္တရား ပမာ ကျေပွန်စွာထမ်းဆောင်နေတဲ့ ထိုလူသားဟာ နှစ်ယောက်မရှိလေတဲ့ သူငယ်ချင်း ဆိုသူ ဒင်းဆိုတာ...စိတ်ညစ်စရာ တအားကောင်းတယ် ...
အိပ်ကောင်းခြင်းမအိပ်ရ...မပွင့်သေးတဲ့မျက်လုံးကိုပဲ ဆက်လက်အရှိန်တင် မှိတ်လိုက်ကာ ခြုံစောင်ကိုဆွဲ ခေါင်းမြီးခြုံနေလိုက်တော့သည်။
ခြုံလို့မှမလုံလိုက်နိုင်...
ဆက်ခနဲ အားနဲ့ စောင်ကို ကိုယ်ပေါ်မှဆွဲခွာလိုက်ခြင်းခံလိုက်ရသည်။သက်ပြင်းတချက်ချကာ ဖြေသိမ့်လိုက်ရင်းပဲ မျက်လုံးကိုဆက်မှိတ်ထားလိုက်သည်။
"ခေတ်သစ် ထ ထ ထ ထ ထ ထ တော့"
တတွတ်တွတ် ခေါ်နှိုးနေတဲ့အသံကို သည်းခံနိုင်သော်လည်း ခါးတဝှိက်ဆီ လက်ညှိုးနဲ့ ဖျတ်ခနဲ ဆက်ခနဲ ကလိထိုးလာတဲ့ဒဏ်ကိုတော့ ဘယ်လိုမှဆက်မှိတ်ကြိတ်မနေနိုင်တော့။