2

369 58 3
                                    

#Thu Rain Min Wai

နှစ်​ထပ်​တိုက်​ ဟီးဟီးကြီး၏ ကျယ်​​​ပြောလှတဲ့ ခြံဝန်းကြီးထဲ မြက်​ခင်း စိမ်းစိုစို နှင့်​ ပန်းပင်​အချို့က လှပစွာ​နေရာယူလျက်​ ​​ခမ်းနားထည်​ဝါရုံမက သာယာမှုကိုပါ ခံစားမိ​စေသည့်​ ​နေရာတစ်​ခုပင်​ဖြစ်​သည်​။

သို့​ပေမယ့်​ သူရိန်​မင်း​ဝေ၏ မှုန်​သုန်​သုန်​​ မျက်​နှာထားက ထို​နေရာနှင့်​ ​မလိုက်​မဖက်​...
အိမ်​ထဲသို့ ဝင်​လိုက်​သည်​နှင့်​ ​ခြေသံပြင်းပြင်း တို့​ကြောင့်​ ဧည့်​ခန်းမှာ ရှိ​နေခဲ့သည့်​ အဘွား ​ဒေါ်ချို​မေက ပြာပြာသလဲလဲ ဖြစ်​သွားလျက်​.. .

"​ဟဲ့ ငါ့​မြေးလေး ဘာဖြစ်​လာတယ်​ "

သူရိန်မင်း​ဝေြ​​ပန်မေ​ဖြဘဲ ငြီးငြီးညူညူ ပုံစံဖြင့်​သာ ဆိုဖာ​ပေါ်ပစ်​ချထိုင်​လိုက်​သည်​။
ဒေါ်ချို​မေက ထိုင်​​နေတဲ့​ရာမှ သူရိန်​မင်း​ဝေနား သွားလိုက်​ကာ သူ့​မြေး​လေးမျက်​နှာရိပ်​ကိုတကြည့်​ကြည့်​ စိတ်​ပူပန်​​နေ​တော့သည်​။

"​မြေး​လေး မျက်​နှာကလည်း မှုန်​သုန်​​နေတယ်​ ​ပြော ဘွားဘွားကို​ပြော ဘွားရဲ့​မြေး​လေး ဘာ​တွေအလိုမကျဖြစ်​​နေတယ်​"

လက်​နှစ်​ဖက်​ဖြင့်​ သူရိန်​မင်း​ဝေ ​ခေါင်းကိုပွတ်​သပ်​​ချော့မြူ လျက်​ ​ထွေး​ပွေ့လိုက်သည်။ ဘာစကားမှ​ပြောမလာဘဲ စူစူပုပ်ပုပ်ဖြင့် သူရိန်မင်းေ​​​​​​ဝပုံစံက သူ့အဘွား​ဒေါ်ချို​​မေလက်ထဲတွင် ​​က​လေး​လေးတ​ယောက်​ပမာ။

"​မြေး​လေး မုန့်​ဖိုးလိုချင်​လို့လား ဘွားဘွား​ပေးမယ်​"

သူရိန်မင်းေ​​ဝက မျက်​လုံးကိုမှိတ်​ကာ ​ခေါင်းခါပြလိုက်​သည်​။

"ဟို လင်​မယားနှစ်​​ယောက်​ထဲက တ​ယောက်​​ယောက်​က ဘွား ​မြေး​လေးကိုဆူလိုက်​တာလား "

ကိုယ့်​ သမီးနှင့်​ သားမက်​ဖြစ်​သော ​သူရိန်​မင်း​ဝေ ​ဖေ​ဖေနှင့်​​မေ​မေအား "ဟိုလင်​မယားနှစ်​​ယောက်​" ဟု သုံးလိုက်​​သော အဘွားစကား​ကြောင့်​ စူပုပ်​​နေရာမှ တချက်​​တော့ ဟန်​ချက်​ပျက်​ အ​တော်​ရီချင်​မိသွားသည်​။

Unknown Where stories live. Discover now