3

374 52 3
                                    

#Hein Myo Tha Khin

ကိုငယ်တို့အိမ်တွင် ​​​​အုန်းနို့​ခေါက်ဆွဲေ​​​ကျွးကာ အန္တရာယ်​ကင်း တရားနာပြုလုပ်သည်ကို သွားရတာေ​ကြာင့် ကြည့်​ကောင်း​​သင့်ေ​​လျာ်ေ​အာင် ​ကျ​နော်​ ကြက်​​သွေး​ရောင်​ စပို့ရှပ်​​ဗြောင်​ကို ​ယောပုဆိုး အနက်​​ရောင်​​တောက်ေ:တာက်​ အကွက်​ဖြင့်​ ​သေ​သေသပ်​သပ်​ ဝတ်​စားခဲ့သည်​။
ဆံပင်​မရှည့်​တရှည်​ ​ပေမယ့်​ အမြဲဘုတ်​သိုက်​ဖြစ်​​နေတတ်​တာ​ကြောင့်​ ​သေချာ ဂျယ်ဖြ​င့်​လူးကာ ပိပြား​နေ​အောင်​ ပုံ​ဖော်​ခဲ့သည်​။

မြန်​မာ့ရိုးရာ အဝတ်​အစားနှင့်​မို့လားမသိ။ ကျက်​သ​ရေရှိလှ၏ ဆိုတာ အမှန်​ပင်​ခံစားမိ​စေသည်​။ အမြဲတမ်းဆိုသလို ​ဝတ်​​လေ့ဝတ်​ထမရှိ​သော မြန်​မာဝတ်​စုံဟာ ကျ​နော့်​အဖို့ သိပ်​ကိုသိသာ​နေ​အောင်​ လူကို​ရော စိတ်​ကိုပါ ​ပြောင်းလဲသွား​စေတတ်​သည်​။ တရှိန်းရှိန်းဖြင့်​ ယဉ်​​ကျေးသိမ်​​မွေ့မှုအဟုန်​​တွေက တဖြည်းဖြည်း တက်​လာသလို ထင်​မိသည်​။ ​ပြောတာဆိုတာ လုပ်​တာကိုင်​တာကမစ သတိဖြင့်​ထိန်းမထားပါပဲ အလိုအ​လျောက်​ ထိန်းကွပ်​ပြီးနှင့်​သား။ ​အရာရာ၌ သေသပ်​​​နေသလိုရှိ​သည်​။

သို့​သော်​ ကျ​နော်​အတွက်​​တော့ ထိုခံစားချက်​ဟာ သိပ်​အဆင်​မ​ပြေလှ။
အကျင့်​မရှိတာမို့ ဝတ်​တိုင်း ဝန်​ပိ​နေသလိုဖြစ်​​နေတတ်​သည်​။ ​တ​ယောက်​တည်း​ဆို​တော့ နေချင်​သလို​နေ ကျ​နော့်​အတွက်​ မြန်မာဝတ်စုံ၏ ရှိရင်းစွဲ အလှပဆုံးေ​​​​သာကျက်​သ​ရေရှိမှု​တွေက လာပိ​နေတာမျိုး ။

ဒီလိုနဲ့ မ​နေတတ်​ မထိုင်​တတ်​နှင့်​ပဲ ကိုငယ့်​အိမ်​ကအလှူမှာ မရီးကိုကူကာ ဧည့်​ခံ​ပေး​နေရသည်​။
အိမ်​နီးနားချင်း​အချို့ကိုသာ ဖိတ်​ထားသည်​မို့ သိပ်​​တော့လူမများ ။ကျ​နော်​ မကူလို့လည်းရ​ပေမယ့်​ ကိုငယ်​က ကျ​နော့်​အား ​တွေ့ချင်​၍​ခေါ်ထားခဲ့သည်​သာ။

Uniတက်​​ချိန်​​တွေနဲ့​ကော အခြားအချိန်​​တွေမှာပါ ကျ​နော်​ကလည်းအလာပျင်းတာ​ကြောင့်​ မလာဖြစ်​ခဲ့တာလည်းကြာပြီမဟုတ်​လား။ ကိုငယ်​ကလည်း အလုပ်​ခပ်​ရှုပ်​ရှုပ်​လူဆို​တော့ ကျ​နော့်​ကို လာ​တွေ့ချင်​လျှင်​​တောင်​ သူ့ခမျာ မအားလို့မလာအားတာမို့ ညီအကိုနှစ်​​ယောက်​မ​တွေ့ဖြစ်​ခဲ့တာလည်း များပြီ​လေ။

Unknown Where stories live. Discover now