အမုန်းမှသည်​ အချစ်​ဆီသို့ (part 1)

9.8K 278 8
                                    

အပြင်​မှာ မိုး​တွေအညိုးကြီးစွာ​ရွာ​နေသည်​ ။
လျှပ်​စီး​​တွေတစ်​ဖျက်​ဖျက်​လျက်​ကာ
မိုး​ခြိမ်းသံ​တွေကလည်း အလွန်
ကြောက်​စရာ​ကောင်းလှသည်​။

ကိုးလ်​ တစ်​​ယောက်​ အိပ်​ယာက​နေ ထလိုက်
ထိုင်​လိုက်​ လမ်း​လျှောက်​လိုက်​နဲ့ အိပ်​လို့လုံးဝမရ ။

'ဒီ​ကောင်​ ခုချိန်​ထိဘယ်​မှာ
သ​ဝေထိုး​နေလဲမသိဘူး...'

ဟု နူတ်​က​နေ အလိုမကျစွာ​ပြောလိုက်​မိသည်​။

စိတ်​ထဲက စိုးရိမ်​မှု​တွေက နဲနဲမှ​ကို လျော့မသွား
ခါတိုင်း​နေ့​တွေဆို ညဘက်​အပြင်​သိပ်​မထွက်​တဲ့
သူက ဒီ​နေ့ကျ​တော့ လုံးဝကိုပြန်​မလာ​သေး
ဖုန်းဆက်​​တော့လည်း စက်​ပိတ်​ထားသည်​။

ကိုးလ်​ အခန်းနရံ​ပေါ်က
နာရီကို လှမ်းကြည့်​လိုက်​​တော့
အချိန်​ကား 10နာရီခွဲ​နေပီဖြစ်​သည်​!!

''ငါ စိတ်​ပူလာပီ​နေ​ရောင်​ရာ....."

နေ​ရောင်​ အိမ်​မှာ သူကလွဲပီး ဘယ်​သူမှမရှိ
နေ​ရောင်​လဲ ခုချိန်​ထိကို ပြန်​မလာ​သေး
ဒါ​ကြောင့်​ ကိုးလ်​ နဲနဲ​တော့​ကြောက်​​နေမိသည်​။

"တွီ~~~တွီ~~~တွီ"

ဖုန်းမြည်​သံ ​ကြောင့်​ကိုးလ်​ ဖုန်းကိုကြည့်​လိုက်​​တော့ ​နေ​ရောင်​ဆီကဖြစ်​​နေသည်​။

"နေ​ရောင်​ မင်းဘယ်​​တွေ
လျှောက်​သွား​နေတာလဲ "

"........."

"ဟဲလို ​နေ​ရောင်​ .."

ကိုးလ်​ လှမ်း​ခေါ်နေ​ပေမယ့်
တစ်​ဖက်​ကဘာဆိုဘာမှ မတုံ့ပြန်​​သေးပါ
ကိုးလ်​ ပိုပြီးစိတ်​ပူလာသလို ​ဒေါသလဲထွက်​သည်​။

"ကိုးလ်​....."

နေ​ရောင်​ရဲ့ ​ခေါ်သံသည်​ တိုးလွန်း​နေသည်​။

"​​သေနာ​လေး...ငါမင်း​ကို ည​နေကတည်းက​နေ
ဖုန်း​ခေါ်​နေတာ ဘာလို့ မကိုင်​တာတုန်း......"

ကိုးလ်​ စိုးရိမ်​တာ​ရော ​ဒေါသပါထွက်​​နေသည်​မို့
စိတ်တိုတိုနဲ့ ​ပြောလိုက်​ခြင်းဖြစ်​သည်​။

အမုန်းမှသည်​ အချစ်​ဆီသို့ (Completed)Donde viven las historias. Descúbrelo ahora