[ Zawgyi Version ]
Chapter 2 - Really Really
(Side Of YiXing)
" Hyung... "
တိုးညင်းစွာ ထွက်လာတဲ့ လေသံပြည်ပြည်လေးဟာ အားမရှိတဲ့ ပုံ...
" Junnie မငိုနဲ့နော် "
"ကျွန်တော် မငိုပါဘူး "
မငိုအောင် အသာထိန်းထားပုံရသည်..
" ဟိုရောက်ရင် ကျွန်တော်တို့ကို ဖုန်းဆက်ဦးနော် "
" ဟာ.. Hyung ကလည်း ကျွန်တော်နဲ့ အတူသွားမှာပဲကို "
" hyung.. တစ်ပတ်တစ်ခါ လောက်တော့ ပြန်လာနော် "
JongDae မှာကြောင်အ သွားရသည်.. သူစကားပြောတာကို အဖတ်မလုပ် တရုတ်ကိုသွားမဲ့ MinSeok hyung ကိုပဲ ထပ်တလဲလဲ စကားပြောနေသည်.. သွားရမှာခြင်း အတူတူကိုတောင်..
" Junnie hyung ရာ အဲ့လောက်ထိ စိတ်မပူပါနဲ့ "
" ငါမင်းကို စကားမပြောဘူး Dae!! ... "
ဟိုကိစ္စကြောင့်ထင်ပါရဲ့.. အခဲမကြေသေးဘူး ထင်ပါ့
" hyung ကလည်း ကျွန်တော်က hyung ကို အံ့ဩသွားစေချင်လို့ကို အဲ့ဒါကြောင့် ကျွန်တော် ပြန်လာတာကိုတောင် မပြောဘဲ Sprise လုပ်ပေးတာပေါ့ "
" မသိဘူး.. ငါမင်းကို စိတ်မပြေသေးဘူး.. ဒါပဲသိတယ်... MinSeok hyung ဟိုရောက်ရင် ထမင်းစားဦးနော် ဟိုကောင်နဲ့ နေပြီး အသင့်စား အစားအစာ တွေပဲ မစားနဲ့ဦး "
အိုး.... ဘယ်လိုတောင်... မသိရင် JongDae လေး ကပဲ မကောင်းတဲ့လူကြီးကျလို့ ...
" JongIn!!! ဂိမ်းပဲထိုင်မဆော့မနေနဲ့!!!.. ကိုယ့် အစ်ကိုက နိုင်ငံရပ်ခြားသွားတော့မှာကို စိတ်မပူတဲ့အပြင် ဂိမ်းတောင် ထိုင်ဆော့နေသေးတယ် "
မြှားဦးသည် Innie ထံ တည့်တည့်သို့...
" Junnie hyung လုပ်တာကိုက မဟုတ်တာ!!.. တစ်သက်လုံးနေသွားမှာလည်း မဟုတ်ဘူး.. ဒီကို ပြန်လာဦးမှာပဲ ဟာကို "
" သွားတာက သွားတာပဲလေ "
" ကဲကဲ.. ထားတော့.. Hyung မသွားခင် hyung ညီလေးတွေနဲ့ မုန့်သွားစားရအောင် "
အကြီးဆုံးဖြစ်သူက ၀င်ထိန်းပေးလိုက်တော့ အနည်းငယ်တော့ ငြိမ်သွားကြသည်..
YOU ARE READING
Perhaps Strange { My Little Mini Story}
FanfictionKim Jun Myeon 김준면 Zhang Yi Xing 张艺兴 [ Both Zawgyi & Unicode ] ဤ စာအုပ်လေးတွင် Perhaps Strange ဟူသော Story လေးနှင့် My Little ဟူသော Mini story လေး ပါဝင်သည်။ ဤ စာအုပ်လေးတွင် Perhaps Strange ဟူသော Story လေးနှင့် My Little ဟူသော Mini story လေး ပါဝင်သည်။