[ Zawgyi Version ]
My Little (I)
" မာမား Zhang ရေ "
လူက မရောက်သေးဘူး တဆာဆာသော အသံကို ခြံဝန်းထဲကပင် ကြားနေရပြီ...
" မာမား Zhang လို့ "
ပုလုံးလုံးလေးနဲ့ ပြေးဝင်လာသည်ကြောင့် အနောက်က ဂျယ်လီလေး ၂လုံးမှာ တုန်ခနဲ ... ကျောင်းဝတ်စုံ လေးနဲ့ဆိုတော့ ဂျယ်လီလေးတွေက အထင်းသား ဖြစ်လို့ ရပ်ကွက်ထဲ အပျိုကြီး မမများနဲ့ ကလေးအမေများက ဂျယ်လီလေးတွေကို မျက်စောင်းထိုးကြသည် ... Junnie လေး Junnie လေးဆိုပြီး ခေါင်းပုတ်တယ်ကို မရှိဘူး ဖင်ကိုပဲ လာလာ ပုတ်ကြသည်... အဲ့ဒါကြောင့် ဂျယ်လီလေးတွေမှာ တစ်နေ့တစ်ခြား ကြီးထွားလာလို့ ပုတ်ရုံတင်မက ပြေးရိုက်ချင်စိတ်တွေပါ ပေါ်လာကြသည် ...
" ဖြေးဖြေးလာပါ Junnie ရယ် ချော်လဲနေဦးမယ် "
" ကျွန်တော်က မာမား ဗိုတ်ထဲက ပူလုံးကို တွေ့ချင်လွန်းလို့ အိုမား မုန့်ကျွေးတာကိုတောင် မစားပဲ ထွက်လာခဲ့ရတာကို "
" aigoo ဟုတ်ပါပြီ ကလေးရယ် ... အိုမား ဆီမှာ မစားခဲ့ရင် မာမား က ကျွေးမယ်နော် "
" ကျွန်တော်က စားချင်လို့ မဟုတ်ဘူးနော် မာမားက ကျွေးလို့ စားတာ "
" ဟုတ်ပါပြီကွယ် ... အဒေါ်ကြီးရေ Junnie လေးအတွက် မုန့်ယူလာပေးပါဦး "
" မာမား ပူလုံးလေးကို ကိုင်ကြည့်ချင်တယ် "
" ဒါဆို လာ ... မာမား ဆီကို "
" ဟုတ်ကဲ့ "
Kim Jun Myeon တို့ Mrs.Zhang ရဲ့ အပြောနောက် သူ့ရဲ့ လက်တုတ်တုတ်လေးတွေနဲ့ Mrs.Zhang ရဲ့ သာမန်ထက် ဆူပြီးလုံးထွက်နေတဲ့ ဗိုက်လေးအပေါ်ကို တင်လိုက်သည် ..
" ပူလုံးလေးက ကန်တယ် မာမား "
2နှစ်သား Kim Jun Myeon လေးဟာ Mrs.Zhang ရဲ့ သန္ဓေသားလေးကို "ပူလုံး" လေးဆိုပြီး အမည်ပေးခဲ့သည် ...
သူလေး ပြောစကားအရတော့ မာမား Zhang ရဲ့ ဗိုက်လေးကို ကလေးလေး ဝင်လာတည်းက ပူပြီး လုံးလာလို့ ပူလုံးဆိုပြီး ခေါ်တွင်ခဲ့သည်တဲ့လေ ..
" မာမား ပူလုံးလေးက ကျွန်တော့်ကို နှုတ်ဆက်နေတာလား မသိဘူး "
YOU ARE READING
Perhaps Strange { My Little Mini Story}
FanfictionKim Jun Myeon 김준면 Zhang Yi Xing 张艺兴 [ Both Zawgyi & Unicode ] ဤ စာအုပ်လေးတွင် Perhaps Strange ဟူသော Story လေးနှင့် My Little ဟူသော Mini story လေး ပါဝင်သည်။ ဤ စာအုပ်လေးတွင် Perhaps Strange ဟူသော Story လေးနှင့် My Little ဟူသော Mini story လေး ပါဝင်သည်။