Awkward Marriage - 16

13.7K 1.4K 103
                                    

အပိုင်း(၁၆)

ပင်​ပန်းပြီး အိပ်​​ပျော်​​နေ​သော BaekHyun ကို မနှိုးရက်​တာ​ကြောင့်​ သူကားထဲမှ ​ပွေ့ချီလာကာ BaekHyun အခန်းထဲက ကုတင်​​ပေါ် အထိ​ရောက်​​အောင်​ ပို့​ပေးခဲ့လိုက်​သည်​.. ​ဆော့ထားတာလည်း နည်းတာမှမဟုတ်​ပဲ​လေ.. ​တော်​​တော်​ ပင်​ပန်းသွားပုံပါပဲ.. အိပ်ယာနဲ့ထိလိုက်​တာနဲ့ ​ခေါင်းအုံးထဲကိုတိုးဝင်​ကာ ဇိမ်​ခံပြီး အရသာ​တွေ့သွားတဲ့ပုံ​လေးဟာ က​လေး​လေးအတိုင်းပင်​..

" hk..."

သူကြည့်​ရင်းပြုံးမိသည်​.. ​ခြေရင်းမှ pikachu ရုပ်​နှင့်​​ စောင်​အဝါ​လေးကိုဆွဲကာ ​သေချာခြုံ​ပေးပြီးမှ အခန်းထဲကထွက်​လာခဲ့​တော့သည်​..

ည​နေ​စောင်းပဲရှိ​သေးတဲ့အချိန်​မို့ BaekHyun အိပ်​​ပျော်​​နေတုန်း စားစရာကို သူအပြင်​ကပဲ မှာလိုက်​​တော့မည်​.. တစ်​နေကုန်​လည်း ​တော့ပိုကီသာစားထား​တော့ နိုးလာရင် ​​ဗိုက်​ဆာ​နေမှာစိုး၍ပင်​.. သူကလည်း ဘာမှမချက်​တတ်​​တော့ အပြင်​က မှာစားရုံ​ပေါ့..

BaekHyun ကြိုက်​သည့်​ pizza ကိုမှာလိုက်​ပြီး အိမ်​​ရှေ့က ဧည့်ခန်းမှာထိုင်​ရင်း ည​နေက Tao ​ပြောသည့်​စကားများကို သတိရသွားသည်​.. သူတို့ပုံ​တွေ network ​ပေါ်မှာ ပလူပျံ​နေသည်​တဲ့.. ဘယ်​လို​တွေများ ​ဝေဖန်​ထားကြသလဲ.. ဘယ်​လို အခြေအ​နေရှိလဲ သူသိချင်​သွားသည်​.. BaekHyun ကို အားလုံးနဲ့ မိတ်​ဆက်​​ပေး​တော့မှာမို့ ပိုသတိရှိချင်​မိသည်​..

ဖုန်း​လေးဖွင့်​ကာ Twitter စာမျက်​နှာ​တွေထက် ဝင်​ကာကြည့်​မိ​တော့သည်​.. အဟုတ်​ကိုပါပဲ.. သူတို့ပုံ​တွေ တချို့ပုံ​တွေမှာ​တော့ BaekHyun က သူ့ကိုပြုံးကာ စကားလှမ်း​ပြော​နေပုံ​တွေ.. သူကပြန်​ပြီး ပြုံးပြ​နေပုံ​တွေ.. ထိုပုံ​တွေကိုမြင်​​တော့ သူပါအလိုလို လိုက်​ပြုံးမိသည်​..

သူ့ရဲ့ fan ​တွေဟာ သူ့ကိုတော်​ရုံချစ်​ကြတာမဟုတ်​ဘူးပဲ.. Idol Park ChanYeol ဆိုသည့်​ ပုံရိပ်​ကိုဖုံးကာ သာမန်​လူတစ်​ယောက်​လိုသာ သွားလာလည်​ပတ်​ခဲ့​ပေမဲ့ ဒါကိုပဲအမိအရလိုက်​ကာ ဓာတ်ပုံ​တွေ ရှု​ထောင့်​ အမျိုးမျိုးက​နေ ရ​အောင်​ရိုက်​ကြသည်​..

Awkward Marriage (2017)Où les histoires vivent. Découvrez maintenant