Part ~ 2

2.4K 167 2
                                    

"အ​ဖေ သမီးမြို့ထဲသွားချင်​တယ်"

"မဖြစ်​ပါဘူး သမီးကိုစိတ်​မချပါဘူး"

"အ​ဖေကလည်း သမီးဒီအိမ်​ကြီးထဲမှာပဲ​နေရတာပျင်းလာပြီ..အခုဘီလည်းရှိ​နေပြီပဲကို လုပ်​ပါ​နော်​အ​ဖေ"

ဆူးရီက သူ့အ​ဖေကိုကပ်​ချွဲကာ အိမ်​ပြင်​ထွက်ဖို့ခွင့်​​တောင်း​နေသည်​။

"ဒီ​ကောင်​မ​လေးနဲ့​တော့ လာချွဲ​နေတယ်​ ကြည့်... ကဲသွားသွား မကြာ​စေနဲ့ အ​ဖေစိတ်​ပူ​နေရမယ်'

"ဘီ သမီး​လေးကို​သေချာ​စောင့်​​ရှောက်​​နော်"

"ဟုတ်​ကဲ့ပါ သခင်​ကြီး"

ဆူးရီ မြို့ထဲကိုထွက်ခွင်​ရခဲ့၍အရမ်းကို​ပျော်​​နေသည်​။သို့​သော်​သူ့ရဲ့အ​ပျော်​​တွေသည်​ ကြာရှည်​မခံခဲ့...

မြို့ထဲက​တွေ့သမျှလူတိုင်းက ဆူးရီကိုလိုက်ကြည့်​ကြသည်​။ဆူးရီသွားတဲ့လမ်းတစ်​​လျှောက်​ လူတိုင်​ကသူ့ကိုလိုက်​ကြည့်​​နေရာ တချို့ကသမင်​လည်​ပြန်​​တောင်​ပြန်​ကြည့်သည်​အထိပင်​ဖြစ်​သည်​။ကြာ​ဆော့ဆူးရီမ​နေတတ်​​တော့

"ဘီ တို့ကိုလူ​တွေဝိုင်းကြည့်​​နေကြတယ်​"

ဘီကပတ်​၀န်းကျင်​ကိုကြည့်​မိ​တော့
လမ်း​ပေါ်မှာ​ဆော့ကစား​နေတဲ့က​လေငယ်​​လေးများက​တောင်​ ဆူးရီကိုတ​မေ့တ​မော ကြည့် ကြသည်​။

ဤသည်​မှာ လူ​တွေရဲ့အပြစ်​​တော့မဟုတ်​...အပြစ်​​ပြောစရာမရှိ​အောင်​​ချော​မော့​နေ​သော ဆူးရီ၏အပြစ်​ပင်​ဖြစ်​သည်​။ကြည်​လင်​​​ဖွေးနုသောအသားအ​ရေ ​ပျော့​ပျောင်းနွဲ့လျတဲ့ ဆန်​နွယ်​ရှည်​​တွေ တဖျက်​ဖျက်​လဲ့​နေ​သော မျက်​၀န်းအစုံတို့နှင့်​ဆူးရီက နတ်​ပြည်​မှန်​သက်​​ကြွေလာသည့်​နတ်​သမီးလို့​ပြောရင်​​တောင် ယုံရ​လောက်​သည်​။

ဆူးရီတို့၂​ယောက်​ မြို့ထဲကို​လျှောက်​သွား​နေကြရင်း ​ဆောင်​ကြာမြိုင်​တစ်​ခု​ရှေ့သို့အမှတ်​မထင်​​ရောက်​သွားသည်​။

"အိုး ​ချောလိုက်​တာ"

ယောက်ျားတစ်​​ယောက်​ကဆူးရီ​ရှေ့တွင်​ ပိတ်​ရပ်​ကာ​ပြောလာသည်​။ဆူးရီဘယ်​လိုပဲ​ရှောင်​​ရှောင်​ သူက​ရှေ့မှပိတ်​ကာရပ်​​နေ​တာမို့

စည်းတစ်​ဖက်​မှာရွာတဲ့မိုးWhere stories live. Discover now