A Flower

1.5K 95 5
                                    

Tiffany's Pov

ငါ Taeyeon ဘေးမှာလမ်းလျှောက်လာရင် သူဘာဖြစ်နေတာလဲ၊ ဘာမှားနေလို့လဲ၊ ဘာလို့ငါ့ကို ဒီလိုဆက်ဆံတာလဲဆိုတာကို သိရဖို့ ဆုတောင်းနေခဲ့တယ်။
ငါ Tae ကိုကြည့်လိုက်တယ်။ သူက ငါ့ဘယ်ဘက်မှာ လမ်းလျှောက်လာပီး အေးစပ်စပ်မျက်နှာနဲ့။ ငါနဲ့ရှိနေတိုင်း တခါမှ မထားဘူးတဲ့မျက်နှထားမျိုးနဲ့ သူ့ကိုကြည့်ရတာ ငါ့နှလုံးသားတွေ ကြေမွပျက်စီးကုန်တယ်။
Chorong နဲ့ kai တို့ ချိန်းထားတာ စားသောက်ဆိုင်ကို ငါတို့သွားနေတာ။ Chorong ကိုတွေ့မှမေးကြည့်ရမှပဲ။ သူဆိုရင်တော့ သိလောက်တယ်။
ငါတို့ဘေးနားကနေ sexy ကျပီး လှတဲ့ကေညင်မလေးတွေ ဖြတ်လျှောက်သွားတော့ Tae ကအာ့ကောင်မလေးတွေကို ခြေမကနေ ခေါင်းထိလိုက်ကြည့်နေတယ်။

*ငါနဲ့တင် မလုံလောက်လို့လား? တခြားကောင်မလေးရဲ့ခန္တာကိုယ်ကို လိုက်ကြည့်ရအောင် ငါက မလုံလောက်တော့လို့လား။ ငါ့ဟာတွေကိုပျင်းသွားလို့လား။ ငါက မတန်တော့ဘူးလား။ နင့်ကို ဒီလိုဖြစ်သွားရအောင် ငါက ဘာအမှားတွေလုပ်မိနေလို့လဲ။ ငါတို့ပြောခဲ့တဲ့ အချစ်စရာတွေ၊ ကတိတွေဘယ်ရောက်သွားပီလဲ။
နင်ငါကို ထားသွားရလောက်အောင်ထိ ငါက ပျင်းစရာကောင်းနေပီလား။ အေးစပ်စပ်ဆက်ဆံပီး ငါဘေးမှာလမ်းတူတူလျှောက်လာတာတောင် တခြား မိန်းမကို ကြည့်နေရတာလား!!!!!!*

ငါမျက်ရည်တွေကျလာတယ်။ ဘယ်လိုမှ မတက်နိုင်ဘူး။ ငါအရမ်းနာကျင်ခံစားရတယ်။

" ငါ သန့်စင်ခန်းကိုသွားလိုက်ဦးမယ်"ငါသူ့ကို ပြောပီးထွက်လာခဲ့တယ်။ ငါငိုနေတာ သူမမြင်ရတော့တာပေါ့။ ငါက သူကါ့နောက်လိုက်လာလိမ့်မယ်လို့ထင်နေတာ ဒါပေမယ့် သူလိုက်မလာခဲ့ဘူး။
သန့်စင်ခန်းထဲမှာ ဘယ်သူမှမရှိဘူး တော်သေးတာပေါ့။ ငါ မျက်နှာသစ်ပီး မိက်ကပ် ပြင်လိုက်တယ်။ ပီး ဆံပင်ကို နည်းနည်းဖွလိုက်ပီး ပြန်ထွက်လာတယ်။ ၁၀ မိနစ်လောက်နေတော့ ပြန်ထွက်လာတယ်။ သူစောင့်နေမယ်ထင်နေတာ သူကရှိမနေဘူး။ ငါ့ကို မစောင့်ဘူး။
ငါသူ့ကိုဂထားခဲ့တဲ့နေရာကို သွားလိုက်တော့လဲ အာ့မှာမရှိဘူး။ သူက တကယ်ပဲ ငါ့ကို တယောက်ထဲ ထားသွားတယ်။
ငါအာ့နေရာမှာရပ်ပီး ရှာကြည့်တော့ ဘေးနာက လူတွေက ငါဘယ်သူဆိုတာ သိလို့ထင်တယ် ငါ့ကိုကြည့်နေကြတယ်။
" မင်းက အရမ်းလှတာပဲ" ယောင်္ကျားဆန်တဲ့ သယအသံကို လှည့်ကြည့်လိုက်တယ်။

Error FlowerDonde viven las historias. Descúbrelo ahora