ရှမ်းပြည်......။
ပထမဆုံးရောက်ဖူးတာမို့ မေ ပျော်ရပါတယ်။
အသက် ၇ နှစ်သမီး ပျော်တယ်ဆိုတဲ့အပျော်က ရိုးရှင်းပါတယ်။ လူကြီးတွေနဲ့ သွားလာနေရရင် မေ ပျော်တာပဲပေါ့ ။
မေ စားချင်တာစားနေရရင် မေ ပျော်တာပေါ့ ။ မေ အဝတ်သစ်တွေဝတ်ရရင် မေ ပျော်တယ်ပေါ့ ။ အဒေါ် အသင်းဝင်ထားတဲ့ ခရစ်ယာန် သာသနာပြု အဖွဲ့နဲ့ လိုက်လည်တာပေမယ့် မေ က ဗုဒ္ဓဘာသာ ဝင်တစ်ယောက်ပါ။ ဒါပေမဲ့ မေ့ မှာ တစ်ဖက်ပိတ်အယူတွေမရှိဘူး မေ့ မိဘတွေ ကသိပ်တော်တယ်။ သူတို့သမီး ရဲ့ အတွေးအခေါ်တွေ ပိတ်မနေအောင်သူတို့အမြဲဆုံးမတယ် ။ ဦးလေးရဲ့ဇနီးပေမယ့် မေ့ အဒေါ်က မေ့ကို ချစ်တယ်။ မေလည်းချစ်ပါတယ်။ တောင်ကြီး church ဟာ ခုနစ်နှစ်သမီး မေ့ အတွက် ပျော်စရာနေရာအသစ်ပဲ ။ summer school လာတက်တဲ့ အစ်ကို တွေအစ်မတွေသူငယ်ချင်းတွေကဘာသာမတူပေမယ့်မေ့ ကို ချစ်ကြတယ်။ ကျမ်းစာတွေ ဖတ်ရင်း မေ့ နွေရာသီအားလပ်ရက်တစ်ချို့ ကုန်ဆုံးခဲ့တယ်။ စိတ်ဝင်စားစရာကောင်းပါတယ် မေ သိပ်နားမလည်ပေမယ့် မေ က စာဖတ်ရတာသဘောကျတယ်လေ။..
______________________________________လူတွေအများကြီးပဲ...။
အရမ်းများတယ်......။ လူတိုင်းဟာ မေ့ ထက် အရပ်မြင့်ပြီး
မေ ကအရမ်းသေးငယ်သွားသလိုပဲ။ ရှေ့မှာ အစကြီးကြီးခင်းပြီး ပစ္စည်းတွေရောင်းနေတဲ့လူတွေရှိတယ်။ မေ သိတဲ့သူတွေမဟုတ်ဘူး ။ အမေ .... အမေ ရော ... မေ့ အမေ ဘယ်မှာလဲ အဒေါ်လည်းမရှိဘူး ။ မေ ငိုချင်လာတယ်။
မေ လျှောက်မသွားချင်တော့ဘူး မေ church ကိုပြန်ချင်တယ်။ ပြီးရင် အမေနဲ့အတူအဖေရှိတဲ့ အိမ်ကိုပြန်မယ်။ လူကြီးနဲ့ကွဲသွားတဲ့ကလေးတွေကို ဖမ်းပြီးရောင်းစားတတ်တဲ့ လူဆိုးတွေအကြောင်း မေ ကောင်းကောင်းကြားဖူးတယ်။
ပတ်ဝန်းကျင်ဟာကြီးသထက်ကြီးလာပြီး မေ တဖြည်းဖြည်းသေးငယ်လာသလိုခံစားရတယ်။ မေ့ ပါးမို့လေးတွေ စိုစွတ်လာတယ်။
YOU ARE READING
Hurt
Teen Fictionသေလောက်အောင်နာကျင်ရတယ် ကိုယ်သိပ်ချစ်ရတဲ့တစ်စုံတစ်ယောက်ကကိုယ့်ကိုလျစ်လျူ ရှုထားတဲ့အခါ ရင်နဲ့အပြည့် နာရတယ်။ ဒါပေမဲ့ဒီ့ထက်ဆိုးတဲ့ခံစားချက်ရှိသေးတယ်တဲ့.... လျစ်လျူရှု ချင်ယောင်ဆောင်ရတာကပိုနာကျင်ရတယ်ဆိုလား။