ep 2

123 13 2
                                    

Church ကိုပြန်​​ရောက်​​တော့
မေ ကိုကို့အ​ကြောင်း​တွေ ထရီဇာတို့ကိုကြွားပစ်​တယ်။
ကိုကိုဘယ်​လို​ချော​ကြောင်း ။ ကိုကို ​မေ့ကိုဘယ်​လို ကယ်​ခဲ့​ကြောင်း​တွေ​ပေါ့။ ထရီဇာကပြောတယ် မယုံဘူးတဲ့။
နေနှင့်ဦးပေါ့ မေကြိမ်းဝါးမိတယ်။
ကိုကို.. ။ သူလာလည်မှ ...အင်း...သူလာလည်မှ။
မေ သိပ်မသေချာဘူး။ ကိုကို လိမ်သွားတာဆိုရင်ရော...။

Church မှာ ရက်နည်းနည်းထပ်နေပေမယ့် မေမပျော်တော့ဘူး။ ဂျပန်လူမျိုး ကိုကိုကိုထပ်တွေ့ချင်တယ်။
စကားပြောချင်တယ်..။ မေ သူပြောတာနားမလည်လောက်ပေမယ့်ပေါ့..။
______________________________________

အချိန်က မနက် ကိုးနာရီလောက်..။ ရှမ်းပြည်ရာသီဥတုဆိုတော့ထုံးစံအတိုင်းခပ်စိမ့်စိမ့်ပေါ့။

" မေ..ခဏလာခဲ့ဦးတဲ့ မေ့ ဒေါ်လေးခေါ်နေတယ် "

ဒေါ်လေးသူငယ်ချင်းက မေ စာဖတ်နေတဲ့အခန်းထဲထိလိုက်လာပြီး ခေါ်တယ်။
ဘာဖြစ်လို့လဲ...။ စာဖတ်နေရာကနေထရမှာမေသိပ်ပျင်းတယ်။ ဒါပေမဲ့ မေ ထလာခဲ့ပါတယ် ။
ဝတ်ပြု ဆုတောင်းတဲ့ နေရာ မှာ မေ့ဒေါ်လေးရယ် အမေရယ်က လူနှစ်ယောက်နဲ့စကားရပ်ပြောနေတယ်။

မေ မျက်နှာကိုမမြင်ရဘူး။ သူတို့က အပေါက်ဝဘက်ကိုကျောပေးထားလို့ ။
ဒါပေမဲ့...အဲ့ဒီ့ကျောပြင်လေး..မေသိတယ်။
အနွေးထည်အပါးနက်ပြာဝတ်ထားတဲ့ကျောပြင်လေး..။

" ကိုကို? "

အနားမရောက်တစ်ရောက်မှာ မေ မတိုးမကျယ်လေး ခေါ်ကြည့်တော့။
နက်ပြာရောင်ကျောပြင်လေးက တဖြည်းဖြည်းစောင်းလှည့်လာတယ်။
တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းပါးကလေးလှစ်ခနဲအဟမှာ သွားတက်ကလေးတွေက တိုးထွက်လာကြပြီး အပြုံးလှလှလေးကိုဖြစ်စေတယ်။ ပါးချိုင့်ခွက်ခွက်လေးက အပြုံးလေးကိုပိုအသက်ဝင်စေသလိုပဲ။

" ကိုကို! "

မေ ကိုကို့ကို ပြေးဖက်တော့ အမေ့ ရဲ့ မျက်စောင်းကို မေရလိုက်တယ်။ အမေကြိုက်ပုံမပေါ်ဘူးနော်..။
ဘာဖြစ်လို့ လဲ မေဉာဏ်မမီဘူး။

မေကိုကို့လက်ကိုဆွဲ ပြီး လိုက်ခဲ့ဖို့ လက်ဟန်ခြေဟန်ပြတော့ ကိုကိုက သူနဲ့အတူလာပုံပေါ်တဲ့ အသက်ကြီးကြီးဦးလေးဆီစကားတချို့လှမ်းပြောတယ်။
အဲ့ဒီ့ဦးလေးက ခေါင်းဆတ်ပြပြီး မေ့ကိုပါရယ်ပြတယ်။

You've reached the end of published parts.

⏰ Last updated: May 18, 2019 ⏰

Add this story to your Library to get notified about new parts!

HurtWhere stories live. Discover now