Plz Don't ... Never & Forever ...

2.2K 184 24
                                    


ကလေးတွေ လူ့ လောကထဲ ဝင်ရောက်လာဖို့ ငါသည်သာအင်အားကြီးမားသူတစ်ယောက်ဆို ပြီး ဂုဏ်ယူ ဝင့်ကြွားစွာနဲ့ အူဝဲ ဆိုတဲ့ ငိုတေးချီ ကာ စတင်ခဲ့တယ် ...

ပိုးပေါင်း ထောင်ပေါင်းများစွာထဲကမှ ပေါက်ဖွါး
လာမဲ့ ကလေးငယ်ဟာ တစ်ကောင်တည်း သာ ဖြစ်တည် လာသော်လည်း ...

ကျွန်တော် တို့  နှစ်ယောက် ကတော့ လူ့ လော
ကထဲကို ပူးတွဲ ချန်ပီယံ အဖြစ်ဝင်ရောက်
လာ ခဲ့တယ် ...

12 မိနစ် နဲ့  စက္ကန့် 20 ပဲ ကွာ တဲ့ အမွှာလေး
တွေ အနေနဲ့ ပေါ့ ...

တဖြေးဖြေး ကြီးပြင်းလာတဲ့ ကျွန်တော်တို့ နှစ်
ယောက် ခုဆို အထက်တန်းကျောင်းသားတွေ
တောင်ဖြစ်နေကြပြီ ...

ကျွန်တော့် အကြီးလေးက သမင်ပေါက်စလေးလို ချစ်စရာကောင်းတယ် ...

ကျွန်တော်လား ? ကျွန်တော်ကတော့ အကြီးလေးထက် ထွားတယ် ... ခပ်တည်တည် နေတတ်ပြီး တည်ငြိမ်ရင့်ကျက်တဲ့ အသွင်ရှိတယ် ...

ကိုယ့်ကိုယ်ကို အမွှန်းတင်တာမဟုတ်ပါဘူး ...
အကြီးလေးထက် စာရင်ပြောတာပါ ...

အကြီးလေး နဲ့  ပတ်သတ်လာရင်တော့ ကျွန်
တော့် ပုံစံက တစ်ခြားတစ်ယောက်လို ချက်ချင်း
ပြောင်းလဲ သွားတတ်တယ်တဲ့ ...

ကျွန်တော် ထင်တယ် ... အမွှာလေးက ချစ်စရာ
ကောင်းသလို ကျွန်တော့် အပေါ် သိပ်ချွဲတတ်
လို့ လေ ...

တကယ်က ကျွန်တော် ကိုယ့်စိတ်ကို လှည့်စား
နေခဲ့တာ ...

" ဟေ့ ... ဟာ... ဟေ့ကောင် Sehun "

" ဟင် ... "

" မင်း အသည်းကျော်လေး ... "

ကျွန်တော့် အတွေးတွေ အခန်းထဲက အတန်း
ဖော်ငယ်ချင်းကြောင့် ရပ်တန့် သွားတယ် ...

ကျောင်းတောင် လွှတ်ပြီလား အခန်းထဲ ဘယ်သူ
မှတောင် မရှိတော့ဘူး ...

" ဟာ ... sehun ရေ သေပလားဟ ... မင်း အသည်းကျော်လေး ကောက်မှ ချော့မနိုင်
ဖြစ်နေမယ် ... ငါ သွားပြီ "

ကျွန်တော့် အသည်းကျော်လေး ?

ဒီအသုံးနှုန်းဟာ အမွှာတွေဆိုတာ သိသည့်တိုင်
ကျောင်းက လူတွေ အကုန်ခေါ်ကြတယ် ...

FADE ???  { Completed }Onde histórias criam vida. Descubra agora