I'm Not OKAY 🔗 4

1.4K 179 21
                                    


မျက်​စိ​ရှေ့တွင်​မြင်​​နေရ​သောမြစ်​ငယ်​​လေးတစ်​ခုကိုမျက်​နှာမူ၍...​ကောင်​​လေးတစ်​​ယောက်​...​ခြေ​ထောက်​တစ်​ဖက်​ကို...​မြေကြီးနဲ့တိုက်​သလိုမျိုး...ထိကပ်​ကစား​နေရင်း...

ဟိုဘက်​ကြည့်​လိုက်​...ဒီဘက်​ကြည့်​လိုက်​နှင့်​...​နောက်လက်၌ပတ်ထား​​သော...နာရီကိုကြည့်​လိုက်​နှင့်​...အလုပ်​ရှုပ်​​နေ​လေသည်​...နှုတ်​ခမ်းကလည်းတဖြည်းဖြည်းဆူ​ထော်​လာ​လေသည်​...

သေချာတာတစ်​ခုက​တော့...လူတစ်​​ယောက်​ကို​စောင့်​​နေခြင်းပင်​...

ထို​ကောင်​​လေးကနာရီကိုကြည့်​​နေရင်းမှ...​တိုးတိုး​လေးရေရွတ်​လိုက်​သည်​က...

"ဟင့်​...မလာ​သေးဘူးလားမသိဘူး..."

ထိုအချိန်​မှာ...ထိုမြစ်​ငယ်​​လေးရဲ့​ရှေ့...ထို​ကောင်​​လေးရပ်​​နေ​သော...အ​နောက်​တွင်​ရှိ​သော...ရုံငယ်​​လေးမှ...ဦး​လေးကြီးတစ်​​ယောက်​က...

"​ဟေ့​ကောင်​​လေး..."

"ဗျာ..."

"မသွား​သေးဘူးလား...​မော်​​တော်​ဘုတ်​ကထွက်​​တော့မှာ​နော်​...​နောက်​၁၀မိနစ်​ဆို"

"ဟုတ်​...ကျ​တော်​​စောင့်​စရာရှိလို့...မလာ​သေးဘူး...​နောက်​ကျ​နေတယ်​ထင်​ပါတယ်​..."

ကျ​တော်​​စောင့်​​နေတာကြာလား...မကြာလား...လက်​မှတ်​ရုံကဦး​လေးကြီး​တောင်​...ကျ​တော်​ကိုသတိထားမိ​နေပြီ...

ထိုအချိန်​မှာပင်​...

အသည်းအသန်​နှင်းလာ​သော...စက်​ဘီးတစ်​စီးကိုမလှမ်းမကမ်းမှာ​တွေ့​လေသည်​...

စက်​ဘီး​ပေါ်က​ကောင်​​လေးက...​ဟောဟဲဆိုက်​​နေရင်းမှ...အနားမ​ရောက်​ခင်​ကတည်းက​အော်​လိုက်​သည်​မှာ...

"Jonginnie...!!!...Nini...!!!"

ထိုအသံကိုကြားရ​သောအခါ...​ကောင်​​လေးတစ်​​ယောက်​က...​ဆူပုတ်​​နေရာမှ...မျက်​နှာမှာအပြုံးပန်း​တွေ​ဝေဆာလာပြီး...​ပျော်​ရွှင်​စွာဖြင့်​...လက်​မှတ်​ရုံ​ရှေ့​ပြေးသွားပြီး...

"Arrjishii...ကျ​တော်​ကိုလက်​မှတ်​နှစ်​​စောင်​​ပေးပါ..."

"​အေး...​အေး...​စောင့်​​နေတဲ့လူလာပြီလား..."

I'm Not OKAY {SeKai}Donde viven las historias. Descúbrelo ahora