Untitled

100 8 1
                                    

တစ်ယောက်တည်း ကြယ်တွေကြည့်ရင်း
လောကကြီးကိုသောက်ဖက်မလုပ်တဲ့ ၁၄ နှစ်အရွယ် မိန်းကလေး တစ်ယောက်ရဲ့ ပြဿနာဆိုတာ
မိသားစုရေးရာ အဆင်မပြေမှုတွေ
အတန်းထဲက မိန်းကလေးတစ်ချို့နဲ့ မပြေလည်မှုတွေ
သူရဲ့ ချစ်ရတဲ့ သူစိမ်းယောကျာ်းလေး တစ်ယောက်အတွက် ခံစားချက်တွေရယ်ကလွဲလို့
ဘယ်အရာက အရေးပါနိုင်ဦးမှာလည်း....
သြော်.. မေ့လို့ ဘယ်သူ့ကိုမှ သောက်ဂရုမစိုက်ပါဘူးလို့ မျက်စိစုံမှိတ်အော်ဟစ်နေခဲ့ပေမဲ့ ခိုင်မြဲနေတဲ့ သံယောဇဉ်ကြိုးတွေကို
လူမမြင်အောင် ဖုံးဖိထားရတာကလည်း
ပြဿနာအကြီးတစ်ရပ်ပဲ

ကျူးလစ်ပန်းတွေ
Amsterdam က ကြယ်ကြွေတဲ့ညတွေ
ဖတ်လို့မကုန်နိုင်တဲ့ စာအုပ်တွေနဲ့ စာကြည့်တိုက်ကြီးတစ်ခု..
ရိုမန့်စ်သီချင်း အေးအေးလေးတွေ
တစ်ကိုယ်တော် ကမ္ဘာအဆုံးကို ရွက်လွှင့်နေတဲ့ မိန်းကလေး
စိတ်ကူးယဉ်ထားသလောက် ဘဝဟာ မရိုးရှင်းခဲ့

သြော် အခုတော့လည်း ၃နှစ်ကလေးတစ်ယောက်ရဲ့ လက်ထဲက Rubik's cube လို ဘဝဟာဦးတည်ရာမဲ့ လုံးပါးပါးခဲ့..
#၂၀၁၇၁၂၁၂

Untitled Where stories live. Discover now