ဝက်သားတုတ်ထိုးနတ်သမီး

75 5 0
                                    

ညနေခင်းတစ်ခုက ကဗျာတွေရဲ့အစဆို
သူမဟာလည်း သွေးရူးသွေးတန်း ခွေးရူးတစ်ကောင်ရဲ့ အစပါပဲ ဘုရားသခင်..

သူမနဲ့ ကျွန်တော်ဟာ ကော်ရစ်တာမှာ ဝင်မတိုက်ခဲ့သလို...
စတွေ့တဲ့ ညနေခင်းဟာလည်း စိတ်ပျက်စရာကောင်းလောက်အောင် ကဗျာမဆန်ခဲ့ပါဘူး..

မှတ်မှတ်ရရပြောရရင်တော့ လမ်းထိပ်က ဝက်သားတုတ်ထိုးဆိုင်လေးမှာပဲ..
ဝက်သားတုတ်ထိုးသည် ဦးလေးကြီးကို အပိုတောင်းနေတဲ့ ဘော့ကေလေးနဲ့ ခပ်စွာစွာကောင်မလေးကို မချစ်သလို စိတ်လဲမဝင်စားခဲ့ပါဘူး..
နားညည်းလိုက်တာလို့ ရေရွတ်ရင်း ပါဆယ်ထုတ်ထားတဲ့ ဝက်သားတုတ်ထိုးအိတ်ကို ဆွဲပြီး ခပ်သွက်သွက် ထပြန်လာတာပေါ့ဗျာ

ဒီနေရာမှာ ခင်ဗျားတို့က တွေးကြမယ်
အဲ့ကောင်မလေးရဲ့ ပါဆယ်ထုတ်နဲ့ မှားယူလို့ ကောင်မလေးက လာပြန်တောင်းရင်း ဇာတ်လမ်းတွေစကြမယ်လို့ပေါ့
မဟုတ်ခဲ့ပါဘူး ပါဆယ်ထုတ်လည်းမမှားသလို သူမနဲ့လည်း ထပ်မတွေ့တော့ပါဘူး..

ထူးဆန်းတာတော့ရှိတယ်ဗျ
သူမဟာ ကျွန်တော့ အိပ်မက်တွေထဲ ညတိုင်းလာနှောက်တယ်..
အထူးသဖြင့် ဝက်သားတုတ်ထိုးစားတဲ့ နေ့တွေမှာ အိပ်မပျော်ပဲ အိပ်မက်တွေမက်အောင် ထိုမိန်းကလေးက လာဖျက်တယ်

သူမကို ကျွန်တော်က "ဝက်သားတုတ်ထိုး နတ်သမီး" လို့ခေါ်တယ်ဗျ
ရူးကြောင်ကြောင် နိုင်တယ်လို့တော့ မထင်ကြပါနဲ့ဗျာ
သူမနဲ့ ကျွန်တော် အိမ်မက်ထဲမှာ ချစ်သူဖြစ်ကြတယ်
လိင်ဆက်ဆံကြတယ်.. လက်ထပ်တယ် မိသားစုထူထောင်တယ်

ညနေခင်းတစ်ခုမှာ ဝက်သားတုတ်ထိုးစားပြီး ခပ်ပြင်းပြင်း ပိုးသတ်ဆေးကို သောက်လိုက်တယ်...

လမ်းထိပ်က ဝက်သားတုတ်ထိုးဆိုင်လေးကနေ
တမလွန်ထိ လက်တွဲပြီး အတူတူလျှောက်ရင်း
ထာဝရ အိပ်မက်တွေ မက်ကြရအောင် ဟန်နီ

မင်းဟာ ကဗျာမဆန်တဲ့ ကဗျာတစ်ပုဒ်ဆို
ကိုယ်က ကဗျာတွေကိုစားတဲ့ ခွေးရူးတစ်ကောင်ပါပဲ..

ဒီနေရာမှာ ပုံပြင်ကိုရပ်လိုက်ရင် ရူးကြောင်ကြောင် သိပ်နိုင်မှာပဲ..
ကောင်လေးကလည်း ဘော့ကေနဲ့မိန်းကလေးငယ်ကို မချစ်ခဲ့သလို..
ဘော့ကေနဲ့ မိန်းကလေးကလည်း သူ့ကို သတိတောင် မထားခဲ့မိပါဘူး..
ကြားခံနယ် ဖြစ်တဲ့ ဝက်သားတုတ်ထိုး ကြောင့် ဖြစ်ကောင်းဖြစ်နိုင်မယ်ပေါ့..
စိတ်ချင်းနီးစပ်လို့လဲ ဖြစ်နိုင်မှာပဲ..

ဘာမှ လျှောက်တွေးမနေကြပါနဲ့ စာလုပ်ရင်း ဝက်သားတုတ်ထိုးစားချင်လာလို့ ကောက်ရေးတာပါ :3

Untitled Where stories live. Discover now