ONE SHOT

1K 144 5
                                    

* ONLY ONE *

'Ah!! အေးလိုက်တာ!'

ရုံးထဲက ထွက်လိုက်တာနဲ့ ထိတွေ့လာတဲ့ ဆောင်းရာသီရဲ့အေးစက်မှုကြောင့် kyung soo လက်ဝါးလေးနှစ်ဖက် ပွတ်ရင်း ရေရွတ်မိလိုက်သည် ။

'ဒီလောက် အေးနေတာကို လက်အိတ် ယူမလာဘူးလားး'

ဘေးနား လာရပ်ရင်း ဆူသလို ဟြေလာတဲ့သူကို kyung soo မော့ကြည့်ကာ

'jongin? မပြန်သေးဘူးလား'

မေးလိုက်တော့ . .

'ဒီကောင်လေးကို စိတ်မချလို့ စောင့်နေတာလေ'

jongin ဖွဖွလေး ညစ်လိုက်တဲ့နှာခေါင်းကို kyung soo ပြန်အုပ်ကိုင်ရင်း

'အကြီးကို မလေးမစားနဲ့ . . အလုပ်ထဲမှာလည်း ငါက စီနီယာနော်!! '

'hyungက ကျောင်းတုန်းတည်းက ကျွန်တော်ရဲ့ စီနီယာပဲလေ . . လာပါ . . hyungလက်တွေ ပေးး, '

jonginရှေ့ကို kyung soo လက်ဝါးနှစ်ဖက်လုံး ဖြန့်ပေးလိုက်တော့ jonginက သူဝတ်ထားတဲ့ သိုးမွေးလက်အိတ်လေး နှစ်ခုကို ချွတ်ကာ kyung sooကို ဝတ်ဆင်ပေးခဲ့တယ် . .

'jonginအတွက်ရော?? '

ခေါင်းခါပြတဲ့ jonginရဲ့ ညာလက်ကို ဆွဲယူကာ ဝတ်ပေးလိုက်ပြီး လက်အိတ် မဝတ်ထားတဲ့ သူရဲ့ညာလက်နဲ့ jonginရဲ့ဘယ်လက်တွေက အချင်းချင်း ဆုပ်ကိုင်ကာ . .

'လက်အိတ်ကို တစ်ယောက်တစ်ဖက် ဝတ်ပြီးး မဝတ်ထားတဲ့လက်လေးတွေကို ဒီလိုထားမယ်လေ'

ဟြေရင်းးး jonginရဲ့ အိတ်ကပ်ထဲကို ထည့်လိုက်သည် ။

'hyungက ဒီလိုလည်း ရိုမန်ဆန်တတ်တာပဲလား'

'ဒါပေါ့ ငါက Do Kyung Sooပဲလေ'

စိတ်ကြီးဝင်နေဟန်ဖြင့် . . မျက်စိတွေ မှိတ်တဲ့အထိ ပြုံးပြနေတဲ့ kyung sooကို jongin အသည်းယားလာတာနဲ့ ပါးဖောင်းလေးထက် အနမ်းပေးမိတော့ . .

'Yar! လမ်းမကြီးမှာ ဘာလုပ်တာလဲ!'

အဟြေနဲ့အတူ လက်မောင်းကို လာထိုးတဲ့ လက်သီးလေးတစ်ခု . .

'hyungက ချစ်ဖို့ကောင်းနေတာကိုဗျာ!!'

ရှက်နေတဲ့ မျက်နှာရဲရဲလေးကို စိုက်ကြည့်ပြီး ဟြေလိုက်တော့ မျက်လုံးလေးတွေက သူကို ပြန်မကြည့်ဘဲ ဟိုကြည့် ဒီကြည့်နဲ့ အကြည့်တွေ လွှဲနေတဲ့ လူပိစိလေးး ~~~  မျိုချထားချင်တဲ့အထိ ~~ စိတ်မချလောက်အောင် ချစ်ဖို့ကောင်းနေသည် ။
'hyung ဒီလက်အိတ်လေး မှတ်မိလားး'

Only One // One Shot //Tempat cerita menjadi hidup. Temukan sekarang