နတ်ဆိုး တစ်ယောက်ရဲ့ချစ်သက်သေ(4)

1.3K 155 9
                                    

bas ဘာမှ ကို မစဉ်းစားပဲ ခေါင်းမိုးထပ်ကနေ
တချိုးတည်း ပြေးဆင်းလာမိတယ်။

'' ဂါးးးးးး စိတ်တိုတယ်
ဒီလူဘယ်လို လူလဲ မသိဘူး
လူကိုလာပြီး အပုလေး ဘာလေးနဲ့
တော်တော် မုန်းချင်စရာကောင်းတဲ့ သူကြီးပဲ'''

'''bas ဘာလို့ ပြေးလာတာလဲ
နောက်က ဘယ်သူလိုက်နေလို့လဲ'''

''ဘယ်သူမှ မလိုက်ဘူး
cop မင်းကွာ ဘာလို့နောက်ကျနေတာလဲ''

''အိမ်မှာ ကိစ္စလေးနည်းနည်း ရှိနေလို့
နောက်ကျသွားတာပါကွာ''

'''ထားပါတော့ လာ အခန်းထဲ သွားရအောင်'''

အခုချိန်ထိတော့ အရာရာဟာ
အဖြူရောင် အတိပါပဲ။ ဘယ်ချိန်မှာ အမှောင်ထု
လွှမ်းသွားလိမ့်မယ်ဆိုတာတော့ ဘယ်သူမှ
သတိထားမိမယ် မထင်ဘူး။
bas လေးနောက် ထပ်ကြပ်မခွာ လိုက်ကြည့်နေတယ့်
မျက်ဝန်း တစ်စုံကတော့ နီနေတာထပ် ပိုတဲ့
အမှောင်ရိပ်တွေပါလွှမ်းခြုံနေသည်။

bas တို့ နှစ်ယောက် စကားတပြောပြောနဲ့
အခန်းပေါက်အရောက်

''' အ '''
bas တစ်ယောက် ခေါင်းက နာကျင်မှုဒဏ် တစ်ခုကို ခံစားလိုက်ရတယ်။

''bas ဘာဖြစ်တာလဲ''
''မင်း အဆင်ပြေရဲ့လား ။ ခေါင်းမူးနေတာလား''

''cop  မင်းအခန်းထဲ အရင်သွားနှင့်လိုက်'''
''ငါပြီးရင် လိုက်ခဲ့မယ် ။ ငါ သန့်စင်ခန်း ခဏ သွားလိုက်အုံးမယ်။''

''ရ ရဲ့လား အဆင်ပြေလား
ငါလိုက်ခဲ့ ပေးရမလား''

''ရတယ် မလိုက်ခဲ့ နဲ့ အဆင်ပြေတယ်''
bas ပြောပြီးတာနဲ့ cop ကိုတောင် လှည့်မကြည့်ပဲ
အမြန် ပြေးထွက်ခဲ့တယ်။
သန့် စင်ခန်းရှေ့ အရောက်

''ဟာ လူတွေကလဲ များလိုက်တာ
အနံ့ ကလဲ ပေါင်းစုံနေတာပဲ
ပိုတောင် စိတ်ညစ်လာပြီ
မဖြစ်ဘူး နေရာတစ်ခု အမြန်ရှာမှ ဖြစ်မယ်''

bas တခန်းဝင်တခန်းထွက် အခန်းပေါင်းများစွာ ပတ်ရှာရင်း
''ဟာ ဟုတ်ပီ အားကစားရုံ ဟောင်းဘက် သွားမှ ဖစ်တော့မယ်''

bas အားကစားရုံဟောင်းစီ တိုက်ရိုက်ပြေးတော့သည်။

တနေရာ အရောက်

နတ်ဆိုးတစ်ယောက်ရဲ့ ချစ်သက်သေWhere stories live. Discover now