နတ်ဆိုး တစ်ယောက်ရဲ့ချစ်သက်သေ(5)

1.2K 116 4
                                    

ဘယ်လိုရှာရမလဲ
နတ်ဆိုးတို့ရဲ့ တမန်တော် ဆိုတဲ့ ခင်ဗျားကြီး
ဘယ်မှာလဲ။
ကျွန်တော် ခင်ဗျားကို အရမ်းတွေ့ချင်နေတယ်။
ခင်ဗျားက ကျွန်တော့် ဘဝ အတွက် ဘယ်လို
အထောက်ကူ ဖြစ်မှာလဲ?
ကျွန်တော် ဘဝရဲ့ လွတ်လမ်းလို့ဆိုရလောက်အောင်
ခင်ဗျား မှာ ဘယ်လို စွမ်းအားတွေများရှိနေတာလဲ?

စဉ်းစားလေ အိပ်မပျော်လေပဲ
ကျောင်းတက်နေတာ တပတ်ပြည့်တော့မယ်။
ခင်ဗျားကို သိပ်တွေ့ချင်နေတယ်။
ခင်ဗျားနဲ့တွေ့ရင် ပြောစရာတွေများကြီးပဲ။
Bas တွေးရင်းနဲ့သာ သက်ပြင်းချည်းချမိသည့်။

''လကြီးက လဲ သာနေတာပဲ
ခဏလောက် လမ်းလျောက်ထွက်မှပဲ''

''ဖေဖေ သားခဏအပြင်သွားအုံးမယ်။''

''သား ညမိုးချုပ်နေပြီနော်
အကြာကြီးနေမနေနဲ့ နော်''

''ဟုတ် Dad''

BAS coat အနက်လေးကိုဝတ်ပြီး
နားကျပ်လေးနားမှာတပ်ရင်း ထွက်ခဲ့တော့သည်။
အိမ်နဲ့ တဖြေးဖြေး ဝေးလာတာနဲ့အမျှ
သူ့နောက်ကို တစ်ယောက်ယောက် လိုက်လာတာ
ခံစားလိုက်ရသည်။

Bas နောက်လှည့်ကြည့်တော့လဲ ဘယ်သူမှ မရှိ။
စိတ်ထဲ မသင်္ကာလို့ လှည့်ကြည့် တိုင်း ဘယ်သူမှမရှိ။
Bas ခပ်သွပ်သွပ်လျောက်ရင်း
store တစ်ခုတည်း ဝင်လိုက်သည်။
နောက်က ဘယ်သူပါမလဲလို့ ကြည့်ပေမယ့်လဲ
ဘယ်သူမှ မတွေ့။
bas တဖြည်းဖြည်း ဒေါသများထွက်လာတော့သည်။

''ငါ့နောက် တစ်ယောက်ယောက်လိုက်လာတာတော့
သေချာတယ်''
''ဘယ်သူလဲ ဘာကြောင့်လိုက်လာနေတာလဲ''

bas တစ်ယောက်တည်းပြောနေရင်း
လမ်းထောင့်တစ်နေရာ အရောက် ခပ်သွက်သွက်
သွားပြီး နံရံ အကွယ်မှာ ဝင်ပုန်းနေလိုက်သည်။

''shit ဘယ်ရောက်သွားပါလိမ့်
သေချာလိုက်ကြည့်နေတာကို''

''ဟေ့............''

''ဟေ့လူ ကျွန်တော် ခင်ဗျားနောက်မှာလေ''

''ဘာလို့ ကျွန်တော်နောက် အသဲအသန်လိုက်နေရတာ''

''ခင်ဗျားကို မေးနေတယ်လေ ဒီဘက်လှည့်လိုက်စမ်းပါ''

bas နောက်လိုက်လာသူလဲ
သူကိုတွေ့သွားပြီမို့ မတက်နိုင်ဘဲ တဖြည်းဖြည်း
နောက်လှည့်လိုက်သည်။

နတ်ဆိုးတစ်ယောက်ရဲ့ ချစ်သက်သေWhere stories live. Discover now