ကြယ်​ခိုးသူ

7.7K 545 51
                                    

ကြယ်​ခိုးသူ

'Morning က​လေး​လေး.....'

အခန်းထဲသို့ သူဝင်​လာပြီး ကုတင်​ထက်​ရှိဖြူ ဖြူ နုနု​ကောင်​​လေး၏ပါးထက်​သို့ အနမ်းတစ်​ပွင့်​​ခြွေလိုက်​​သော်​လည်းထုံးစံအတိုင်းတုန့်​ပြန်​မှုက​တော့မရှိ။ အ​ရောင်​မဲ့​နေ​သောမျက်​လုံးများနှင့်​အသက်​မရှိသူတစ်​​ယောက်​ကဲ့သို့မျက်​နှာကြတ်​အား​ပေါက်​ထွက်​မတတ်​စူးစူးဝါးဝါးစိုက်​ကြည့်​​နေ​သောထို​ကောင်​​လေးမှာ ပုံ​ဖော်​ခွင့်​မရ​သော​ဒေါသတို့ကိုအံ​တင်းခံ​နေရုံမှလွဲ၍တခြားမရှိ။

သူက​တော့ သူ ' က​လေး​လေး ' ဟု တင်​စား​ခေါ်​ဝေါ်သည့်​ ထို​ကောင်​​လေး​၏ဘေးတွင်​ထိုင်​သည်​။ ထို​ကောင်​​လေး၏လက်​ဖဝါးနုနုတို့ကိုမထိရက်​သလို မထိတထိ​​လေးကိုင်​သည်​။

ထို​ကောင်​​လေး၏ မျက်​လုံးအစုံမှနာကျင်​​နေမှုတို့ကိုဂရုမထားမိနိုင်​​လောက်​​အောင်​ ထို​ကောင်​​လေး၏​ ပြစ်​မျိုးမှဲ့မထင်​ မျက်​နှာ​လေးကိုတစိမ့်​စိမ့်​ကြည့်​​နေရသည်​မှာမဝနိုင်​။ ထို့​နောက်​ သူ့အားစကားတစ်​ခွန်းမှပြန်​မ​ပြော​သောထို​ကောင်​​လေးအား သူ​ပြောချင်​သည့်​စကားများတစ်​သီတစ်တန်းကြီး​ပြောသည်​။

မနက်​စာအ​ကြောင်း၊ ညကသူဖတ်​ခဲ့​သောစာအုပ်​အ​ကြောင်း၊ မနက်​ဖြန်​ မြို့လယ်​​ခေါင်​​တွင်​ကျင်းပမည့်​ show ပွဲအ​ကြောင်း စသည်​ စသည်​တို့ကိုမရပ်​မနားတမ်း​ပြောသည်​။ ထို့​နောက်​ သူဆုပ်​ကိုင်​ထား​သောထို​ကောင်​​လေး၏လက်​ဖဝါး​လေးကို သူ့နှုတ်​ခမ်းပါးများနှင့်​ဖိကပ်​ရှိုက်​နမ်းလိုက်​သည်​။ ဘယ်​နှစက္ကန့်​ ဘယ်​နှမိနစ်​ကြာသွားသလဲဆိုတာ သူမသိ။

သူ့အနမ်းများသည်​အချိန်​ကန့်​သတ်​ချက်​မဲ့သည်​။

ထို့​နောက်​ အရင်​​နေ့ရက်​များလိုပင်​ အဖန်​တရာ​ထေ​အောင်​​ကြေမွ​နေ​သော ​နေ့ရက်​တစ်​ရက်​ကိုဆက်​လက်​ပုံ​ဖော်​ရန်​ ၊ ပို​ကောင်းလာမလား ပိုဆိုးသွားမလား
အရင်​​နေ့ကအတိုင်း​လေးသာဆက်​ရှိ​နေမလားဆိုတာ သူကိုယ်​တိုင်​မသိ​သေး​သော ​နေ့ရက်​ကိုဖြတ်​သန်းရန်​ သူအခန်းအပြင်​ဘက်​ပြန်​ထွက်​သွားသည်​​။

ကြယ်​ခိုးသူ နှင့်​အခြားဝတ္ထုတိုများ (BL,GL)Where stories live. Discover now