Conversation

2.7K 167 10
                                    

Conversation

( GL Short story )

ရေး မျက်​လုံးနှစ်​လုံးပွင့်​လာချိန်​မှာ ​နေ​ရောင်​ခြည်​ ပြင်ြး့ပင်း​တွေဟာ သူမရဲ့တစ်​ကိုယ်​လုံးကိုထိုး​နေပြီ။ ​ဒီမနက်​ရဲ့ကောင်းကင်​ပြာဟာ အရင်​​နေ့​တွေ့ကထက်​အ​ရောင်​​ဖျော့နေသလိုပဲ။ ညက​အေးစက်​မာ​ကျော​နေတဲ့တိုက်​​ခေါင်​မိုးတစ်​ခု​ပေါ်မှာ ကြယ်​​တွေကိုကြည့်​ရင်း ​ရေး အိပ်​​ပျော်​သွားခဲ့တာ။ ညက ကြယ်​​တွေစုံခဲ့​ပေမယ့်​ ​ရေးအတွက်​​တော့ မလှပနိုင်​ခဲ့ဘူး။ ဒီမနက်​ခင်းလည်းထိုနည်းလည်း​ကောင်းပဲ။

မ​နေ့ကတစ်​​နေ့လုံး အရက်​​တွေကလွဲရင်​ဘာကိုမှ ဟုတ်​တိပက်​တိမစားပဲအိပ်​​ပျော်​သွားတာမို့ ​ရေးရဲ့
ရင်​​ခေါင်း​တွေထဲပူ​နေပြီးဗိုက်​ထဲကဟာ​နေတယ်​။
ဒါ​ပေမယ့်​ တစ်​ခုခုစားလိုက်​ဖို့အစီအစဉ်​လဲ​ရေးမှာမရှိဘူး။
ရေး ရဲ့ပုံမှန်​ဘဝ​နေထိုင်​မှု​တွေဟာ​ပျောက်​ဆုံး​နေတာကြာပြီ​လေ။ ​နေ​ရောင်​ခြည်​ရယ်​၊ ​လေးကြမ်းကြမ်းတစ်​ချို့ရယ်​ကလွဲရင်​ဘယ်​သူမှမရှိတဲ့တိုက်​​ခေါင်​မိုး​ပေါ်မှာ ​ရေး ​ခြေပစ်​လက်​ပစ်​ထိုင်​​နေမိတယ်​။ အိပ်​ထားလို့အနည်းငယ်​ ဖရိုဖရဲဖြစ်​​နေတဲ့ သူမရဲ့အနက်​​ရောင်​ဆံပင်​​ပျော့​ပျော့​တွေကို လက်​နဲ့တစ်​ချက်​သပ်​လိုက်​တယ်​။ ​ရေးရဲ့မျက်​ဝန်း​နက်​တွေက ​​နာကျင်​ကြေကွဲခြင်း​တွေကို​ပိုက်​​ထွေးလို့ ဟိုးအ​ဝေးကိုမျက်​စိတစ်​ဆုံး​ငေး​နေတယ်​။ သူမ အ​တွေး​တွေထဲမှာ ​နေရာယူထားတာက​တော့ ​ကော်​ဖီ​ရောင်​ဆံပင်​​တွေနဲ့​​ကောင်​မ​လေးတစ်​​ယောက်​အ​ကြောင်းပဲ။ သူမရဲ့ လက်​​ချောင်းသွယ်​​တွေကြားမှာ​ပျော်​​မွေ့ခဲ့ဖူးတဲ့​ကော်​ဖီ​ရောင်​ဆံပင်​​ခွေ​ခွေ​လေး​တွေ။

ခဏကြာ​တော့ ​ရေး ထလာပြီးတိုက်​​ခေါင်​မိုးအစွန်းကို​လျောက်​သွားတယ်​။ သူမ​ခြေဖဝါး​အောက်​က​ရေညှိစိမ်းစိမ်း​တွေဟာဒီ​နေ့မှပိုပြီးလှ​နေသလိုပဲ။ ​ရေး ​အောက်​ကိုငုံ့ ကြည့်​လိုက်​​တော့ လမ်း​ပေါ်က​ရွေ့​နေတဲ့ လူ​တွေကား​တွေကို​သေး​သေး​လေး​တွေပဲမြင်​ရတယ်​။ သူမကလွဲရင်​တခြားအရာအားလုံးဟာသူ့ဟာနဲ့သူ​တော့အဆင်​​ပြေ​နေတယ်​လို့ ထင်​မိတာ​ကြောင့်​ခပ်​​ထေ့​ထေ့​လေးပြုံးမိတယ်​။ ​ရေး ရဲ့အပြုံး​တွေဟာ အရင်​ကလို​တောက်​ပမှု​တွေမရှိ​တော့တာအမှန်​ပဲ။ ​ကောင်း​ကောင်းမပြုံးနိုင်​တဲ့ရက်​​တွေများလာတဲ့​နောက်​​တော့ ​ရေး အတွက်​ အသက်​ရှင်​ရတာ​ရော အသက်​ရှုရတာပါပိုပိုပြီးခက်​ခဲလာတယ်​။ ဖြစ်​နိုင်​ရင်​​​​ခြေလှမ်း​တွေကို​ရှေ့တစ်​လှမ်းတိုးလိုက်​ချင်​​ပေမယ့်​ ​ကော်​ဖီ​ရောင်​ဆံပင်​​တွေရဲ့ပိုင်​ရှင်​​လေးကို​နောက်​တစ်​​ခေါက်​​တော့​တွေ့ချင်​မိ​သေးတယ်​။

ကြယ်​ခိုးသူ နှင့်​အခြားဝတ္ထုတိုများ (BL,GL)Where stories live. Discover now