ငယ်

2.3K 168 3
                                    

ငယ်​...

ကောင်းကင်​ထက်​၌တလိပ်​လိပ်​တက်​​နေ​သော​ရွှေဝါ​ရောင်​တိမ်​များကြားမှတိုးထွက်​လာ​သော​နေမင်းသည်​တဖြည်းဖြည်းနှင့်​​အေးစိမ့်​လှပ​သောမနက်​ခင်းတစ်​ခုကို​ဆောင်​ကျဉ်း​ပေးလာသည်​။ အမျိုးစုံ​သောငှက်​က​လေးများ၏​တေးသီသံနှင့်
တောင်​ပံက​လေးများတဖျတ်​ဖျတ်​ခတ်​ပြီး​​ဝေယံထက်​၌​ပြေးလွှားပျံသန်း​နေကြသည်​မှာဤမနက်​ခင်းအားပိုမိုလှပ​စေရန်​​အ​ရောင်​တင်​​ပေး​နေသလိုပင်​။
ထို​ရွှေအို​ရောင်​တိမ်​သားတိမ်​စိုင်​များကိုဖြတ်​၍ ပြတင်းတံခါးမှတစ်​ဆင့်​အခန်းထဲသို့တိုးဝင်​လာ​သော​နေ​ရောင်​ခြည်​သည်​လတ်​ဆတ်​လင်းလက်​လှသည်​။ အလင်းနှစ်​သန်း​ပေါင်းများစွာမှလာ​သော​နေ​ရောင်​ခြည်​တို့မှာ ​နောက်​ဆုံး​တော့ဤအခန်း​လေးထဲ၌ခရီးဆုံးသ​ယောင်​ဖြင့်​အခန်းတစ်​ခန်းလုံးအား​လင်း​စေလိုက်​သည်​။

အိပ်​ရာထက်​မှ စိုင်းခွန်​ တစ်​​ယောက်​ပွင့်​ဟလာ​သောမျက်​ခွံများနှင့်​အတူ​ပြန့်​ကျဲ​နေသည့်​အ​တွေးစိုင်​တို့က​ခေါင်းထဲသို့တဖြည်းဖြည်းတိုးဝင်​လာသည်​။ မျက်​နှာကြတ်​နှင့်​နံရံတစ်​​လျောက်​​ပြေးလွှား​နေ​သော​နေ​ရောင်​ခြည်​အလင်းတန်းများကိုခပ်​​တွေ​တွေ​လေးကြည့်​​နေမိသည်​။ ဆို့နင့်​မွန်းကြပ်​လာ​သောရင်​အစုံ​ကြောင့်​မျက်ဝန်း​ထောင်​မှမျက်​ရည်​စတို့ကနားထင်​​ပေါ်သို့ဖြတ်​​ပြေးစီးထင်​သွားရသည်​။ သို့​သော်နာကျင်​​နေ​သောရင်​ဘတ်​​ကိုလက်​က​လေးနှင့်​ဖိ၍အိပ်​ရာထက်​တွင်​ထထိုင်​လိုက်​ပြီးမျက်​ရည်​စတို့ကိုသုတ်​လိုက်​သည်​။ဘေးရှိမီးအိမ်​တင်​စားပွဲက​လေးတွင်​တင်​ထား​သောမျက်​မှန်​ဘူးထဲမှမျက်​မှန်​က​လေးကိုထုတ်​၍တပ်​လိုက်​သည်​။

သူဒီ​နေ့သွားစရာတစ်​ခုရှိသည်​။ မဖြစ်​မ​နေသွားရမည်​ဖြစ်​၍အိပ်​ရာအနီးတွင်​ထားရှိ​သောတုတ်​​ကောက်​က​လေးကိုယူလိုက်​သည်​။ ထိုတုတ်​​ကောက်​က​လေးသည်​သူအားပြုရမည့်​လက်​တစ်​စုံလိုပင်​သူ့အတွက်​အသုံးဝင်​လှသည့်​အ​ဖော်​က​လေးဖြစ်​သည်​။

ကြယ်​ခိုးသူ နှင့်​အခြားဝတ္ထုတိုများ (BL,GL)Where stories live. Discover now