PART -1

606 71 6
                                    

ကြယ်တွစုံနေတဲ့ ညတစ်ညမှာ ကျွန်မ   ကျွန်မရဲ့ အခန်းထဲက ပြေးဝင်လာတယ်
ပြီးတော့ ကျွန်မရဲ့ နက္ခတ်တာရာကြည့်မှန်ပြောင်းလေး ရှိရာစီသို့ တက်ကြွတဲ့
ခြေလမ်းလေးတွေနဲ့ သွားခဲ့တယ်
ကျွန်မရဲ့ညစဉ်လုပ်နေကြ ဖြစ်တဲ့ကြယ်လေးကိုကြည့်ရှုဖို့ပေါ့။
ဟုတ်တယ်ကြယ်လေး ကျွန်မမဟာကြယ်ပေါင်းများစွာ
ထဲကမှ သေးသေးလေးနဲ့ အရမ်းကိုတောက်ပနေတဲ့ ထိုကြယ်လေးတစ်လုံးကိုပဲ
ကျွန်မညစဉ်ကြည့်နေမိတယ်။
ကြယ်လေး ကို သူမကနာမည်တောင်ပေးထားသေးတယ် Taeyeon တဲ့ ကျွန်မအရမ်းကြိုက်တဲ့ Taeဆိုတဲ့
နာမည်ရယ် ကျွန်မရဲ့ ကိုးရီးယားနာမည်Sooyeon က Yeon ကိုယူထားပြီး Taeyeonလို့ပေးထားတာပေါ့။
လှပလိုက်တဲ့ နာမည်လေးနော်😊။
arr ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ဖို့တောင်မေ့နေတယ် ကျွန်မ နာမည်က
Jessica Jung ပါ koreaနာမည်ကတော့ Jung Sooyeon တဲ့တစ်ချို့တွေကတော့ကျွန်မက ice princess
ဆိုပြီးနာမည်ပြောင်ပေးထားကြသေး။ကျွန်မက မာနကြီးပြီးအေးစက်စက်နေတတ်တာမဟုတ်ပါဘူး
တစ်ယောက်ထဲ နေရတာကိုပဲနှစ်သက်လို့ပါ ။
အဲ့တာကိုသူတို့က မာနကြီးတယ်ထင်ကြသေး😒။
သူတို့အထင်တွေက အရေးမကြီးပါဘူး ကျွန်မအတွက်က Taeyeon ရှိနေရင်ကျေနပ်ပြီ။
ကျွန်မ မိဘအကြောင်းကို မပြောရသေးတော့ ကျွန်မကို မိဘမဲ့လိုထင်နေအုန်းမယ် 😂။
ကျွန်မမှာ မိဘနှစ်ပါလုံးရှိပါသေးတယ် ဒါပေမယ့် အရမ်းအလုပ်ရှုပ်ကြတဲ့ Mr Jungနဲ့
Ms Jungတို့က အိမ်မှာ မနေဖြစ်တာများတယ် ခရီးပဲထွက်နေကြတာ။ ကျွန်မ အထီးကျန်လွန်းလို့ပဲ
Taeyeonနဲ့စုံတွေ့ခွင့်ရခဲ့တာပေါ့ ။
Taeyeon ကို ပထမဆုံးတွေ့တဲ့ နေ့လေးကိုကျွန်မ မှတ်မိသေးတယ်။

Flackback

"Appa သွားလို့မရဘူးလားဟင် Sicaကို တစ်ယောက်ထဲ မထားခဲ့ပါနဲ့
Ommaဖြစ်ဖြစ်နေခဲ့လို့မရဘူးလား😢"

"Sicaလေးရယ် appaတို့လဲ မထားခဲ့ချင်ပါဘူး အလုပ်ကိစ္စကြောင့်ပါ
ပြီးတော့ကလေးကိုတစ်ယောက်ထဲ မထားခဲ့ပါဘူး အထိန်းတော်တွေမှအများကြီးပဲ
ကလေးလေး လုပ်ချင်ရာကိုသူတို့လုပ်ပေးကြလိမ့်မယ် လိမ္မာတယ်နော်ကလေး"

"ဟုတ်တယ်Sicaလေးရဲ့ ommaတို့က၁ပတ်ပဲသွားမှာပါ လိမ်လိမ်မာမာနော်
Ommတို့ပြန်လာရင် အရုပ်အကြီးကြီးလက်ဆောင်ဝယ်ပေးမယ် ပြီးရင်ကစားကွင်းလဲလိုက်ပို့မယ်"

🌟A Girl Who Really Love A Star🌟Donde viven las historias. Descúbrelo ahora