Confuse thoughts

19 2 0
                                    

#181217
Jonghyun hyung ရဲ့ suicide

အဲ့ညထဲက လူကခြောက်ခြားနေတယ်
စိတ်ထဲတင်းကြပ်ပြီး ရင်ထဲဆို့နေတယ်
နောက်နေ့ သင်တန်းသွားတော့
တကယ့်ကိုမထင်မှတ်ထားတဲ့
ကိစ္စတစ်ခုဖြစ်တယ်
တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမတွေးခဲ့ဖူးတာမျိုး Hyung က နမူနာအနေနဲ့ လွတ်မြောက်ရာကိုရှာသွားတယ် ကိုယ်လဲလွတ်မြောက်ချင်လာတယ် စိတ်ဓာတ်ကျလာတယ် လူတွေကိုကြောက်လာတယ် ဒါပေမယ့်ကိုယ်အားတင်းပြီးနေပါတယ်

#201217
ညဘက်အိမ်ကိုပြန်လာတယ်
ကား accident ဖြစ်တယ်
ကိုယ် အရှိန်ဖြေးဖြေးမောင်းလို့
တစ်ဖက်က ဘာမှပြင်းပြင်းထန်ထန်မဖြစ်သွားပေမယ့် ကိုယ်တကယ်ကြောက်သွားတယ်

တစ်ခါတလေကျ ဘဝမှာအရှုံံးပေးချင်တဲ့ အချိန်တွေ မိသားစုကို ထုတ်ပြောလို့မရတဲ့အရာတွေရှိတယ် ပင်ပန်းတယ် နာကြင်တယ် အထီးကျန်တယ် ကိုယ့်စိတ်ကိုကိုယ် ထိန်းချုပ်ရတာဘယ်လောက်ခက်ခဲမှန်း လူကြီးဖြစ်ခါစမှာသိလာတယ်
ခံစားချက်တွေရှုပ်ထွေးလာတယ် စိတ်ဓာတ်ကျလာတယ် တဖြေးဖြေးနဲ့လူတွေကို ငွေကို လောဘကို ကိုယ့်စိတ်ကိုယ် ကြောက်တယ်
Suicide က သတ္တိရှိတဲ့လူတွေမှလုပ်နိုင်တာလို့ကိုယ်မြင်တယ်

ဒီစာကိုရေးပြီးပြီးချင်း အကုန်လုံးမေ့ပျောက်နိုင်ရင်ကောင်းမှာပဲ 💔

DiaryWhere stories live. Discover now