180120

8 0 0
                                    

ဒီနေ့ မနက်အစောထဲကထဖို့ပျင်းနေတယ်
အိပ်ယာပေါ်မှာပဲ ဖုန်းသုံးနေတုန်း
ဗြုန်းဆို မောင်လေးacc ကနေ status တစ်ခုတက်လာတယ်
#R.I.P Grandpa is died
ဒီ status ကိုမြင်တော့
ဖုန်းကိုချ ရေသွားချိုးတယ်
ပြီးတော့ အောက်မှာမားကိုကူတယ်
စိတ်ထဲမှာ ထူးထူးခြားခြားဝမ်းမနည်းးနေမိဘူး
အန်းကုန်းက နာတာရှည်ရောဂါသည်မလို့
ဆုံးသွားတာကို သိပ်မခံစားရတာများလား
အန်းကုန်းနဲ့ပတ်သတ်တဲ့ အမှတ်တရတွေက
ကိုယ့်မှာများများစားစားမရှိတာကြောင့်များလား
အမှတ်တရတွေကိုအတင်းစဉ်းစားမှ သုံးလေးခုထွက်လာတယ် အန်းကုန်းကသိပ်မွေးရပ်မြေကိုပြန်လာချင်တာ ဒါပေမယ့် Ygn မှာပဲဆေးကုရတာမလို့ပြန်မလာနိုင်ဘူး ရောဂါကလဲဆိုးဆိုးလာတော့ အိပ်ယာပေါ်လဲနေတာ နှစ်နှစ်ကျော်ပြီ
အခုတော့ မွေးရပ်မြေကိုပြန်ရောက်လာပြီ တွေးမိတာက movie တွေထဲကလို အန်းကုန်းက ဝိညာဉ် အဖြစ်နဲ့သားတွေမြေးတွေသူငယ်ချင်းတွေကိုကြည့်နေလေမလား 😔
ကိုယ်ကြောက်တာက  သိပ်ဝမ်းမနည်းနေတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အဖိုးတစ်ယောက်လုံးဆုံးတာကို မငိုလို့ အဖြေကိုကိုယ်ရှာမရဘူး အန်းကုန်းကို ရောဂါတွေမခံစားရတော့လို့ ဝမ်းမနည်းတာများလား 😥 နောက်ဆုံး ဆုံးမခဲ့တဲ့စကားကို အမြဲမှတ်မိနေမယ်ထင်တယ် 💔

DiaryWhere stories live. Discover now