°8°

328 20 7
                                    

A few days later~

အခုတလော ကျနော်Kookieနောက်ကတကောက်ကောက်
အိမ်ကိုလည်းကိုယ်တိုင်ပြန်ပို့တယ်
ဘယ်နေရာသွားသွား လိုက်ဖြစ်တယ်
အမှန်တိုင်းပြောရရင် Kookieကို လုံးဝစိတ်မချဘူး
Jimin ကကျနော့်ကိုထက် Kookieကိုအန္တရာယ်ပေးမှာစိုးတယ်
Kookie တခုခုဖြစ်မှာ ကျနော်အကြောက်ဆုံးပဲ
သူတခုခုဖြစ်သွားခဲ့ရင်......

"ဝူးး"

ကျနော်အတွေးတို့အား ကားသံက ဖြိုခွဲလိုက်သည်
ကျနော့်ရှေ့မှာ မြင်လိုက်ရသည်က ကားတစီး
အနက်ရောင်ကားတစီး ရင်းနှီးနေသလိုပဲလို့တွေးနေစဉ်
ကားခေါင်းထဲမှာမြင်လိုက်ရတဲ့သူက hk Park Jimin ပဲ ဟုတ်တာပေါ့ သူ့ကားပဲလေ
သူကျနော့်ကို ကြည့်နေတယ် သို့သော် ကျနော်စိတ်နဲ့လူနဲ့ပြန်ကပ်သွားစဉ် သတိထားလိုက်မိသည်က
သူ့ကားက ကျနော့်ဘေးမှာရှိတဲ့ Kookie ဆီတရှိန်ထိုးမောင်းလာတယ်ဆိုတာပဲ

"ဝူးး"

"Kookie ya!!!"

ကျနော် Kookieကို အလျင်အမြန်ဆွဲလိုက်မိသည်
ကံကောင်း၍တစုံတရာထိခိုက်ခြင်းမရှိ

"Kookie ya gwanchana?"

"ဘာမှမဖြစ်ပါဘူး Tae"

"တော်သေးတာပေါ့"

Kookie ကို ရင်ခွင်ထဲဆွဲဖက်ထားမိသည်
လန့်သွားသည်ထင် သူ၏ကိုယ်လေးတုန်နေသည်ကိုခံစားမိသည်

ကျနော် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်မိလိုက်စဉ် တွေ့လိုက်ရသည်က ကျနော့်ကို ပြုံးပြနေတဲ့ Jimin
ဖြူစင်သောအပြုံးမဟုတ်မှန်းရိပ်မိလိုက်ပေမယ့်
ထိုအပြုံးရဲ့နောက်ကွယ်တွင် ဘယ်လိုကောက်ကျစ်မှုတွေရှိနေခဲ့လဲဆိုတာ ကျနော်မသိခဲ့ပါ

ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေ ပုံမှန်မဟုတ်သည်မှာသေချာသည် ထူးဆန်းသည်
မတော်တဆလို့ထင်ရတဲ့ကိစ္စများက Kookie ဆီသို့သာဦးတည်နေသည်ကိုခံစားမိသည်

သေချာတာတခုက မတော်တဆဖြစ်တဲ့နေရာတိုင်းမှာpark jimin ရှိနေတယ်ဆိုတာပဲ

"ခင်များတော်တော်တရားလွန်နေပြီ Park Jimin!"

"ဟုတ်လား အော်"

အော် ဆိုတဲ့စကားလုံးအပြင်ငါ့မှာပြောစရာမရှိဘူးTae

"ခင်များဘာလို့ Kookieကိုနှောင့်ယှက်နေရတာလဲ ဟမ်!"

U R My VitaminWhere stories live. Discover now