°6°

235 23 3
                                    

Recall

Tae အဖို့ထိုနေ့ညက ညတာတော်တော်ရှည်နေခဲ့သည်

.................................

At another side

/မင်းလုပ်တာမှန်တယ် ...အရမ်းမှန်တယ်
Kim Taehyung တို့မိသားစုမှာ အပြစ်ရှိတယ်
သူတို့ကြောင့်ommaဒုက္ခရောက်ရတာ
Kim Taehyung လည်းအတူတူပဲ
တကယ်ဆို အဲ့ဒီ့ကောင်ဒီအိမ်မှာတောင်ရှိမနေသင့်တာ
......
......
......
......
ဒါပေမယ့်... ငါအမှားလုပ်မိသလိုပဲ
Kim Taehyung နဲ့မဆိုင်ဘူးထင်တယ်
သူလည်း ဘာမှသိတာမဟုတ်ဘူး
သူ့မှာ ခုနကငြိမ်ခံနေရတာ

Arrshi ......Park Jimin
မင်းဘယ်လိုဖြစ်နေတာလဲ...
အခု သူကမင်းအရမ်းမုန်းတဲ့မိသားစုကမွေးဖွားလာတဲ့သားပဲလေ
မင်းအရမ်းမုန်းနေတဲ့သူ
မင်း အရမ်းရွံရှာနေခဲ့တဲ့သူ
မင်းအမြဲလက်စားချေချင်နေခဲ့တဲ့သူ

အရင်တုန်းက သူနဲ့ရင်းနှီးချင်ယောင်ဆောင်လိုက်ရုံပဲ
ငါ့ရဲ့တကယ့်စိတ်ရင်းမှမဟုတ်တာ hk
Arr jimin...jimin မင်းမမှားဘူး
လုံးဝမှန်တယ်
မင်းသူ့အကြောင်းစဉ်းစားစရာမလိုဘူး
သူ့ဟာသူ ဘာဖြစ်ဖြစ်
တခုရှိတာက...... omma အတွက်
သူ့အဖေနဲ့ အမေအစား
Kim Taehyung ဆိုတဲ့ကောင်ကို လက်စားချေဖို့ပဲ/

## စိမ်းလဲ့နေသော မြက်ခင်းပြင်ကျယ်ကြီးထဲတွင် ဆော့ကစားနေသော ကောင်လေးတစ်ယောက်

ထိုကောင်လေးမှာ အလွန်ပျော်ရွှင်နေသောမျက်နှာဖြင့် ကျနော့်ကို ပြုံးပြနေတယ်

မင်းဘယ်လိုတောင်ချစ်ဖို့ကောင်းလိုက်တာလဲ ကောင်လေးရယ်......
လွတ်လွတ်လပ်လပ် ရယ်မောလိုက်တာကြောင့် ဖြစ်ပေါ်လာသော
rectangle smile လေးနဲ့
လခြမ်းပုံမျက်ဝန်းလေး...
ဖြောင့်စင်းနေသော နှာတံ နဲ့ ...
နီမြန်းနေသော မထူမပါးနှုတ်ခမ်းနှစ်လွှာ
မင်းဟာလေ ယောကျာင်္းလေးတယောက်ကိုတောင်
ဆွဲဆောင်နိုင်လွန်းတယ်...

ထိုစဉ်
ထိုကောင်လေး၏ မျက်နှာသည် လျက်တပြတ်
ညှိုးငယ်သွားသည်
ကျနော့်ကို အဓိပ္ပါယ်မဖော်နိုင်သော မျက်လုံးများဖြင့်ကြည့်ကာ
သူတဖြည်းဖြည်းကျနော့်ရှေ့မှ ထွက်သွားသည်
ကျနော်လည်း အရှိန်တင်ကာနောက်မှ ခပ်မြန်မြန်ပြေးလိုက်သွားမိသည်...

U R My VitaminWhere stories live. Discover now