"မေမေ လုပ်ပါနော် နော်လို့"
အသံလာရာဘက်ကို ရှင်း လှမ်းကြည့်လိုက်သည်။
သူနဲ့ရွယ်တူမိန်းကလေးတစ်ယောက်က ဘေးကမိန်းမကြီးကို တစ်ခုခုပူဆာနေပုံရသည်။
နဂိုကတည်းက ဘော်ဒါဝင်ရသည် ဖြစ်၍စိတ်ရှုပ်နေသော ရှင်း ထိုကောင်မလေးကိုမျက်စောင်းထိုးကြည့်နေသည်။
သူများတွေလည်း အေးအေးဆေးဆေး ဘော်ဒါဆောင်မှာနေခဲ့ကြသော်လည်း
ထိုကောင်မလေးကတော့ နေချင်ပုံမရ။ထို့ကြောင့် သူ့အမေကိုတစ်ခုခုပြောနေပုံရသည်။"ဟေ့ ဟေ့"
ရှင်း တစ်ယောက် သူ့ကိုလှမ်းခေါ်နေသော ထိုကောင်မလေးကို နားမလည်သလိုကြည့်လိုက်သည်။
Girl -ငါ့ဒီအိတ်တွေ ဒီမှာထားခဲ့မလို့ ကြည့်ပေးထားပါ။
ငါတို့ ဆရာတို့ဆီသွားမလို့။"အဲ"
တစ်ခါမသိဖူးသော သူစိမ်း ရှင်း ကို အပေါ်စီးကနေ ပြောသွားသော ထိုကောင်မလေးကို ရှင်းဘာမှ ပြန်မပြောနိုင်လိုက်ပါ။
ထိုကောင်မလေးကတော့ သူ့အမေလို့ထင်ရသူနဲ့ ဆရာတို့အဆောင်ဘက်ကိုထွက်သွားသည်။
ရှင်းကတော့ သမိုင်းပေးတာဝန်အရ ထိုအိတ်တွေဘေးမှာ မတ်တပ်ရပ်နေရတော့သည်။
မြတ် - ဟဲ့ ရှင်း ဘယ်လိုဖြစ်တာလဲ။ အထုပ်တွေ အပိုးတွေနဲ့။
နင့်အမေလာထပ်ပို့သွားတာလား😳ရှင်း -အရှုးမကတစ်မျိုး။ဘယ်ကကောင်မလဲမသိဘူး ငါ့ကို အိတ်တွေ ခနကြည့်ပေးပါဆိုလို့။
မြတ် -ဘယ်လို အဲ့ဒါနဲ့ပဲနင်က စောင့်ပေးနေရတယ်ပေါ့။
မြတ်ဆိုတာ မနက်က ဘော်ဒါရောက်မှ ခင်တဲ့သူငယ်ချင်းပါ။
တစ်မနက်တည်းမှာတည်း ဆယ်နှစ်လောက်ခင်တဲ့ သူငယ်ချင်းလိုခင်မိသွားကြပါသည်။
YOU ARE READING
No Conclusion (one shot)
RandomLesbian story based on true story. Not Fanfiction.❤❤❤