ဒီနေ့ ဆရာမ က ပေးထားတဲ့ အိမ်စာကို ရှင်းနဲ့ မြတ် ခေါင်းချင်းဆိုင်ပြီးလုပ်နေကြသည်။
သံစဉ် - ဟဲ့ ဘာ ဘာသာကိုင်နေကြတာလဲ😫
မြတ် -Mathလေ နင်ကကော
ရှင်း -နင်ကလည်း သူ့လက်ထဲက Organic စာအုပ်ကြီးမြင်ရဲ့သားနဲ့။
ရှင်းနားမှာ သံစဉ် ဝင်ထိုင်လိုက်ပီး စာအုပ်ကို စားပွဲပေါ် ဗုန်းခနဲ တင်လိုက်သည်။
မျက်ကွင်းဟောက်ပက် နဲ ရှင်းကိုကြည့်လိုက်ပီး။
သံစဉ် - ငါတစ်ခုမှနားမလည်ဘူး😩😭😭
အော်ကြီးဟစ်ကျယ်ပြောတော့ ဘေးဝိုင်းကလူတွေက ရှင်းတို့ဝိုင်းကို ဝိုင်းကြည့်ကြတာပေါ့။
သီးသန့်စာကျက်ချိန်ဆိုတော့ အားလုံးကတတိတ်နေတာ။
သံစဉ်က အသံပြဲကြီးနဲ့ ထအော်တော့ အာရုံကသူ့ဆီ အားလုံးရောက်ကုန်ကြသည်။ရှင်း -နင်ဟာလေ လုပ်လိုက်ရင် အဲ့လိုပဲ။
တကယ့် ဂေါက်သီး😖မြတ် -အေးဟယ် ငှက်ဆိုးသံနဲ့။
သံစဉ် -မသိဘူး မသိဘူး စာတစ်လုံးမှသွင်းလို့မရဘူး။
😩အဲ့ဒါ ရှင်းပြကြပါ။မြတ် -နင့်ဟာနင် စာသင်နေတဲ့အချိန် အိပ်ငိုက်နေပီးတော့။ အခု ငါတို့အိမ်စာလုပ်နေတယ် သွားသွား။
သံစဉ် -မရှင်းပြဘူးလား😒
မြတ် -ဟုတ်တယ် ဂိုက်အစ်မသာမေး ဒါပဲ
သံစဉ် -မရှင်းပြလည်း သွားပြီ။ ငါ့လာမခေါ်နဲ့ဒါပဲ။
သံစဉ် ဆောင့်အောင့်ပြီးထွက်သွားသည်။
ရှင်း -😂တကယ့် ဂျလေဘီ
မြတ် -ငါတို့သုံးယောက်ထဲမှာ အငယ်ဆုံးနဲ့ စိတ်အကောက်တတ်ဆုံး မမ
အမြင်ကပ်လို့ အဲ့လိုပြောလိုက်တာ။ရှင်း -ထားပါတော့ စာဆက်လုပ်ရအောင်။
သူတို့နဲ့ သုံးဝိုင်းကျော်လောက်မှာ သံစဉ် တစ်ယောက်
Methane Ethane Propaneတွေနဲ့ တိုင်ပတ်နေသည်။
YOU ARE READING
No Conclusion (one shot)
AléatoireLesbian story based on true story. Not Fanfiction.❤❤❤