Part-2

2.2K 191 14
                                    

"ချန်း​​ယောလ်​ တစ်​ခုခု ဖြစ်​​နေလား..မင်းကြည့်​ရတာ ဘဝင်​မကျလိုက်​တာ "
break time နားချိန်​ ဘတ်​ခ်​ဟွန်း မျက်​နှာမ​ကောင်း​သော ချန်း​ယောလ်ကို​မြင်ရတာ စိတ်ထဲ​​အလိုမကျလာ၍ ​မေးလိုက်သည်​။ တခြား members ​တွေက​ ကြက်​​ကြော်​စားဖို့ order မှာ​ရင်း အလုပ်​ရှုပ်​​နေသည်​။ သူတို့နှစ်​​ယောက်က​​တော့ ​အခန်းရဲ့​ထောင့်​ချိုး​လေးနား ​ဘေးချင်းကပ်​ထိုင်​နေကြသည်​။

ခေါင်းငြိမ့်​ပြခြင်းက နားလည်​လွယ်​​လောက်​မည်​။ ချန်း​​ယောလ်​ စကားနဲ့ပင် ပြန်​​မ​ဖြေချင်​​လောက်​​အောင်​ စိတ်​​တွေ မှိုင်​​ထွေး​နေသည်​~ သူသိသည်​။ အဖွဲ့ထဲ သူ့ရဲ့ စွမ်း​ဆောင်​ရည်​က တိုးတက်​မလာသည့်​အပြင်​ ​လျှော့သထက်​ ​လျှော့လာခြင်းအ​ပေါ်  ဘတ်​ခ်​ဟွန်း အလိုမကျဖြစ်​​နေမှန်း ချန်း​ယောလ်​ သိသည်​။ အဲ့ဒါ​ကြောင့်​လဲ dance position ဆို  ဂျုံအင်​အ​နောက်​ မှာပဲ အမြဲ​​နေရသည်​ ~

ဘတ်​ခ်​ဟွန်းကို သူချစ်​သည်​။ တကယ်​ချစ်​ပါသည်​။
ဒါ​ပေမဲ့ တခါတ​လေ​​တော့လဲ ဘတ်​ခ်​ဟွန်းက ပွင်​ပွင့်​လင်းလင်းနိုင်​သည်​။ စိတ်​လွတ်​လက်​လွတ်​နဲ့ ​ပျော်​​ပျော်​ပါးပါး​နေတတ်​တဲ့ အမူအကျင့်​က သူ့ရဲ့ personality ​ကြောင့်​ပင်​ မှန်​ပါသည်​။ ချန်း​ယောလ်​နဲ့ ဘတ်​ခ်​ဟွန်းကို တူသည်​ဟု အများစုက မှတ်​ချက်​ချခြင်းအ​ပေါ် ချန်း​ယောလ်​လဲလက်​ခံသည်​။ ဘတ်​ခ်​ဟွန်းနဲ့ date ပီး တစ်​နှစ်​အကြာ , တခုခုဆို သ​ဘောထား မတိုက်​ဆိုင်​လဲ သူ ​အ​လျှော့​ပေးဖြစ်​သည်​~

တခါတ​လေ ငြင်းခုန်​ကြလျှင်​လဲ~ ​အရင်​ဆုံး အရှုံး​ပေး ​တောင်းပန်​သူက ချန်း​ယောလ်​ပင်​>> ကိုယ့်​ဘက်​က မမှား​သော်​ငြား ချန်း​ယောလ်​ကပဲ လက်​နက်​ချ အရှုံး​ပေးသည်​။ ဘတ်​ခ်​ဟွန်းက တခါတ​လေ ​ခေါင်းမာလွန်းသည်​။

Practice room ထဲ လေ့ကျင့်​ခန်း လုပ်​​နေစဉ်​ ​ထော့နဲ့ ​ထော့နဲ့ နဲ့ ​လျှောက်​​နေ​သော သူ့ရဲ့ တချိန်​က အချစ်​ဦးဖြစ်သူ ​​ဂျောင်​ဆူးကို ​တွေ့လိုက်​ခြင်း​ကြောင့်​ ချန်း​ယောလ်​ ကိုယ့်​ကို ​ရေခဲရိုက်လိုက်​သ​လို​​​ ​တောင့်​သွား​စေသည်​။ ​ဂျောင်​ဆူးကို အာရုံမထားဖို့က သူ့အတွက်​ လွယ်​ကူသည့်​အလုပ်​မဟုတ်​~  Exo​အဖွဲ့ဝင်​တ​ယောက်​လဲဖြစ်​သလို သူတကယ်​ချစ်​ခဲ့သည့် ​ကောင်​လေး​တ​​ယောက်ပဲလေ။ သံ​ယောဇဉ်​ဖြတ်​ဖို့ဆိုတာ မဖြစ်​နိုင်​။ ​သေး​သေး​ကွေး​ကွေးနဲ့ တိတ်​တိတ်​ဆိတ်​ဆိတ်​ ​နေတတ်​တာကို​တောင်​ ချန်း​ယောလ်​ရဲ့ အာရုံစိုက်​မှုကို ​အ​တော်​ယူနိုင်​သည်​။ ချန်း​ယောလ်​ စိတ်​ပူသွားသည့်​အတွက်​ သွားကူညီရန်​ မတ်​တပ်​အထ ခရစ်​စ်​ hyung ကအ​ပြေး​ရောက်​လာပီး ​ဂျောင်​ဆူးအား တွဲသွား​စေသည်​။

Stop---Rewind 💛Where stories live. Discover now