Final Part

2.9K 237 32
                                    

Stop ------ Rewind

ရထား​ပေါ်ကဆင်းသည်နှင့်​ ​​​ချန်းယောလ်​  ကမန်း
ကတန်း ကတ်​ကိုဖြတ်​ကာ အ​လောတကြီး
အ​ပြေးသွားသည်။ လူထူထူထည်​ထည်​ထဲ ​ဂျောင်​ဆူးကို ​တွေ့ရန်​မလွယ်​၊ မျက်​လုံး​တွေပင်​ ပြာလာကာ ​ဂျောင်​ဆူးနဲ့ တူတဲ့သူ​တောင်​ ရှာမ​တွေ့သဖြင့်​ ရူးချင်​လာသည်​။ ရှိသမျှ စတိုးဆိုင်​​တွေထဲ ပတ်​ရှာ၊ သူနဲ့အတူ သွားဖူးတဲ့​နေရာ မှန်​သမျှ ရှာ​နေသည်​မှာ အ​တော်​ပင်​ ကြာ​နေပီ။ Nature Republic ဆိုင်​​ရှေ့ ​ကောင်​မ​လေး​တွေ စုစုရုံးရုံးဖြစ်​​နေ​တော့ သူတုန်​လှုပ်​သွားသည်​။သေချာတာ​တော့ ဒီလိုဆိုင်​​တွေက လူငယ်​​တွေကြား ​ရေပန်းစား​သည့်​အတွက်​ လူများတာ ပြသာနာမဟုတ်​။ ဒါ​ပေမဲ့ အခုလို စု​ဝေး​နေတာမျိုးက celebrity တ​ယောက်​​ယောက်​ ​ရောက်​​နေသလိုမျိုး ဖြစ်​သည်​။

လူအုပ်​ကြားထဲ မြန်​မြန်​ဇွတ်​တိုးကာ လူက နှလုံးခုန်​တွေပါ မြန်​လာပီး တုန်​ရင်​​နေသည်​။ ဒီလူအုပ်​ကြီးထဲ ​ဂျောင်​ဆူး ပိတ်​မိ​နေတာပဲဖြစ်​မည်။ ​ချန်း​ယာလ်​နှုတ်​ခမ်းတွေပါ တုန်​​လာသည်​ကို ခံစားရသည်​။

တိုးရင်းတိုးရင်း အ​ရှေ့​ရောက်​လာ​တော့ မြင်​ကွင်းက ပိုမိုထင်​သာလာသည်။မိန်းက​လေးများသည်​ ph ထုတ်​ကာ သူတို့အ​ရှေ့မှ ​ခေါင်းကို အတင်းအကြပ်​ ငုံ့ထား​သော ​​ကောင်​​လေးအား ဓာတ်​ပုံ​ရိုက်​ရန်​ ကြိုးစား​နေကြသည်​။ ချန်း​ယောလ်​ အ​ရှေ့ထပ်​မတိုးနိုင်​​ပေမဲ့ သူ့အရပ်​အရှည်​ကြီး​ကြောင့်​ အ​ရှေ့ကလူ​တွေ အားလုံး​ခေါင်းကို ​ကျော်​ကာ မြင်​​နေရ​တော့ သူ့အရပ်​ကိုပဲ ​ကျေးဇူးတင်​မိသည်​။ Nature Reppublic ဆိုင်​ဝန်​ထမ်းများကလဲ fan girls လေး​တွေကို အတင်းမတွန်းထုတ်​ရဲ.. သူတို့ ပစ္စည်း​တွေ ပြုတ်​ကျပီး ဝရုန်းသုန်းကား ဖြစ်​မည်​ကို ဆိုး​နေပုံ ရသည်​။

ဒီ​လောက်​ တက်​ကြွမြူးတူး​နေတဲ့ fangirl တွေ fanboy တွေကို အတင်းတွန်းတိုက်ပီး ​ဂျောင်​ဆူးကို ဆွဲထုတ်​သွားဖို့ရန်​ မလွယ်​မှန်း သိ​တော့~ သူ့အသံနက်​ကြီးဖြင့်​ အားလုံးကြား​အောင်​ ​အော်​ပစ်​လိုက်​သည်​။

Stop---Rewind 💛Where stories live. Discover now